နှစ်သစ်ကူးမှာ အပျော်အမြူးတွေ ရှာဖွေ

  • 31 ဒီဇင်ဘာ 2013
new year london
Image caption နှစ်ကူးချိန်မှာ ဘစ်ဘင် နာရီကြီး တီးခတ်

ကမ္ဘာ တဝှမ်း သန်းနဲ့ချီတဲ့ ကမ္ဘာသူ ကမ္ဘာသားတွေ နှစ်သစ်ကူး ပွဲတော် ဆင်နွှဲ နေကြရာမှာ ဗြိတိန်က နောက်ဆုံးက ပါပါတယ်။

နှစ်ကူးချိန်မှာ လန်ဒန် မြို့လယ်က တင်းမ်မြစ်ကမ်း ၂ ဘက်မှာ မီးရှူးမီးပန်းတွေ ပစ်ဖောက်ပြီး ပါလီမန်က ဘစ်ဘင် နာရီကြီး တီးခတ်မှာကို လူပေါင်းများစွာ အားခဲ စောင့်ဆိုင်း ခဲ့ကြပါတယ်။

ဒူဘိုင်း နိုင်ငံက ကမ္ဘာ့ အမြင့်ဆုံး Burj Khalifa အဆောက်အဦ ကနေပြီး မီးပန်းတွေ ပစ်ဖောက် ဆင်နွှဲ ခဲ့သလိုပဲ ရုရှ နိုင်ငံ မော်စကို မြို့တော်က ကရင်မလင် ရင်ပြင် မှာလည်း အံ့ဘနန်း မီးပွဲတွေ ဆင်နွှဲ ခဲ့ပါတယ်။

တရုတ် နိုင်ငံ ဘေဂျင်း မြို့တော် နားက မဟာ တံတိုင်းကြီး မှာလည်း သန်းခေါင်ယံ မီးရှူးမီးပန်းတွေ ပစ်ဖောက်ပြီး နှစ်သစ်ကို ကြိုဆို ခဲ့ကြသလို ရှန်ဟိုင်း မြို့မှာ လည်း နှစ်သစ်ကူးပွဲ အကြီး အကျယ် ကျင်းပ ခဲ့ပါတယ်။

ဟောင်ကောင် ၊ နယူးဇီလန် နဲ့ ဩစတြေးလျ နိုင်ငံ ဆစ်ဒနီ မြို့တွေမှာလည်း နှစ်သစ်ကူး မီးထွန်း ပွဲတော်တွေ ကြိတ်ကြိတ်တိုး စည်းကား ခဲ့ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ