တောင်ဆူဒန် အရေး ဆွေးနွေးဖို့ သဘောတူ

  • 31 ဒီဇင်ဘာ 2013
South Sudan
Image caption ပစ်ခတ်မှုတွေကြား လူ တထောင်လောက် သေဆုံး

တောင်ဆူဒန် မှာ တိုက်ခိုက် နေကြတဲ့ သူပုန်နဲ့ အစိုးရ နှစ်ဘက် စလုံး အီသီယိုပီးယား မှာ ပြုလုပ်မယ့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲ တက်ရောက်ဖို့ သဘောတူ လိုက်ကြ ပြီ ဖြစ်ပါတယ်။

သီတင်း ၂ ပတ်ကြာ တိုက်ခိုက်နေတဲ့ ပစ်ခတ်မှု တွေကြား လူ တထောင် လောက် အနည်းဆုံး သေဆုံး ခဲ့ပြီ ဖြစ်ပါတယ်။

ဒီလို ဆွေးနွေးဖို့ သဘောတူ လိုက်ကြပေမယ့် အပစ်အခတ် ရပ်စဲမှု တော့ မရှိသေးဘဲ ရိမာချာ ရဲ့ သူပုန် တပ်တွေက အချက်အခြာ ကျတဲ့ ဘိုးမြို့ကို ပြန်ဝိုင်း ထားတယ် ဆိုတဲ့ သတင်းတွေ ရရှိ နေပါတယ်။

ထောင်နဲ့ချီတဲ့ မြို့သူ မြို့သားတွေ နိုင်းမြစ်ကို ဖြတ်ပြီး တိုက်ပွဲတွေက လွတ်အောင် ထွက်ပြေး နေကြပါတယ်။

အဒစ် အဘားဘား မြို့မှာ ကျင်းပမယ့် ဒီ ငြိမ်းချမ်းရေး ဆွေးနွေးပွဲ တွေကနေ အပစ်အခတ် ရပ်စဲရေး အမြန်ဆုံး ရရှိ လာနိုင်တယ်လို့ ကုလ သမဂ္ဂက ပြောဆို ပါတယ်။

အရပ်သား တွေနဲ့ သုံ့ပန်း တွေ ကို အမြောက်အမြား သတ်ဖြတ် ကျူးလွန်မှုတွေ ရှိနေတယ် ဆိုတဲ့ အထောက်အထား တွေ ရထားကြောင်း တောင် ဆူဒန် က ကုလသမဂ္ဂ အရာရှိတွေက ပြောဆိုပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ