ဘန်ကောက်မှာ ရဲတွေ ဆန္ဒပြ

  • 31 ဒီဇင်ဘာ 2013
Image caption ရဲတွေကို အကာအကွယ်ပေးဖို့ တောင်းဆိုပြီ

ထိုင်းနိုင်ငံ အစိုးရ ဆန့်ကျင်ရေး အကြမ်းဖက် ဆန္ဒပြမှုတွေ သီတင်းပတ်ပေါင်းများစွာ ပြင်းပြင်းထန်ထန် ဖြစ်ခဲ့ပြီးတဲ့နောက် ရာနဲ့ချီတဲ့ ရဲဝန်ထမ်း အမျိုးသား မျိုးသမီးတွေ က ဘန်ကောက်မြို့မှာ ချီတက်ဆန္ဒပြကာ သူတို့ကို အကာအကွယ်ပေးနိုင်မယ့် အာဏာတိုးပေးဖို့ တောင်းဆိုခဲ့ပါတယ်။

အထွေထွေ ရွေးကောက်ပွဲ အတွက် မှတ်ပုံတင်တဲ့ နေရာမှာ ၀င်ပြိုင်မယ့် ကိုယ်စားလှယ်တွေကို ပြီးခဲ့တဲ့ သီတင်းပတ်တုန်းက ဆန္ဒပြသမားတွေက တားမြစ်ပိတ်ဆို့ဖို့ ကြိုးစားရာက ဆန္ဒပြသမားတွေနဲ့ ရဲတွေ ရုန်းရင်းဆန်ခတ် ဖြစ်ခဲ့ပြီး သေဆုံးသွားရတဲ့ ရဲတယောက်အတွက် ရဲအရာရှိ ငါးရာက တမိနစ် ငြိမ်သက်ကာ ဂုဏ်ပြုခဲ့ကြပါတယ်။

အဲဒီ ဖြစ်ရပ်မှာ ဆန္ဒပြသမားတယောက်လည်း သေဆုံးခဲ့ပါတယ်။

ဆန္ဒပြသမားတွေကို ရွေးကောက်ပွဲ ကျင်းပဖို့ အစီအစဉ်ကို ဖျက်သိမ်းစေချင်ပြီး အရင်ရွေးကောက်ပွဲမှာ မဲအများစုနဲ့ အနိုင်ရခဲ့တဲ့ လက်ရှိ အစိုးရကို ဖြုတ်ချကာ ရွေးကောက် တင်မြှောက်ထားတာ မဟုတ်တဲ့ ကောင်စီ အဖွဲ့တခုနဲ့ အစားထိုးချင်နေတာ ဖြစ်ပါတယ်။