ပရက်ဂ်မှာ သံအရာရှိ သေဆုံး

  • 1 ဇန်နဝါရီ 2014
Prague
Image caption မတော်တဆ ပေါက်ကွဲမှုလို့ ချက်ရဲက ယူဆ

ချက် နိုင်ငံ ပရဂ် မြို့တော်က ပါလက်စတိုင်း သံ ရုံး အကြီးအကဲဟာ နေအိမ်မှာ မတော်တဆ ပေါက်ကွဲမှု ဖြစ်ပွားပြီး သေဆုံး သွားခဲ့ပါတယ်။

ဦးခေါင်းနဲ့ ရင်ဘတ်မှာ ဒဏ်ရာတွေ ရထားတဲ့ ပါလက်စတိုင်း သံ အရာရှိ Jamal al-Jamal ကိုဆေးရုံ ခေါ်ဆောင် သွားပေမယ့် မကြာခင်မှာ ကွယ်လွန် သွားခဲ့ပါတယ်။

ဖောက်ခွဲရေး မောင်း ခလုတ် တပ်ဆင် ထားတဲ့ မီးခံ သေတ္တာဟောင်း တခုကို ဖွင့်ရင်း ပေါက်ကွဲမှု ဖြစ်ပွားကြောင်း ချက် ရဲဌာနက ဆိုပါတယ်။

ဒါဟာ လုပ်ကြံမှု မဟုတ်ဘူးလို့ ချက်နဲ့ ပါလက်စတိုင်း အာဏာပိုင် တွေက ယူဆ ကြပါတယ်။

မစ္စတာ ဂျမားကို အောက်တိုဘာ လကမှ ဒီရာထူး ခန့်အပ် ခဲ့တာ ဖြစ်ပြီး သံအရာရှိ အိမ်မှာ ၂ ရက်ပဲ နေရ ပါသေးတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ