စစ်သွေးကြွတွေကို အင်ဒိုရဲ နှိမ်နင်း

  • 1 ဇန်နဝါရီ 2014
Indonesia
Image caption စစ်သွေးကြွလို့ မသင်္ကာသူ ၆ ဦးသေဆုံး

ဂျာကာတာ မြို့ ဆင်ခြေဖုံး ရပ်ကွက်တခုက အိမ်တအိမ်ကို အကြမ်းဖက်မှု တိုက်ဖျက်ရေး အထူးရဲတပ်ဖွဲ့က ဝင်စီးရာမှာ စစ်သွေးကြွလို့ မသင်္ကာသူ ၆ ဦးသေဆုံးခဲ့ တယ်လို့ အင်ဒိုနီးရှား ရဲက ပြောပါတယ်။

အခု သေဆုံးခဲ့သူ တွေက လက်နက်ချဖို့ ငြင်းဆန် ခဲ့တာကြောင့် ၉ နာရီကြာ တဘက်နဲ့ တဘက် အပြန်အလှန် ပစ်ခတ်ခဲ့ ရတယ်လို့ ရဲအဖွဲ့ ပြောခွင့်ရ ပုဂ္ဂိုလ်က ပြောကြား ပါတယ်။

စစ်သွေးကြွလို့ မသင်္ကာသူ တွေက သေနတ်တွေ လက်လုပ်ဗုံး တွေနဲ့ ပြန်လည် ပစ်ခတ် ခဲ့ပါတယ်။

အခု သေဆုံးခဲ့သူ တွေဟာ လုယက်မှု၊ ရဲ အရာရှိ တွေကို သတ်ဖြတ်မှု တွေနဲ့ ဆက်စပ်နေနိုင်တဲ့ အတွက် ရဲက အလိုရှိ နေခဲ့တာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ မေလက ဂျာကာတာ မြန်မာ သံရုံးကို ဗုံးခွဲဖို့ ကြံစည် ခဲ့မှုနဲ့ ဒီလူတွေ ပတ်သက် နေမလား ဆိုတာကိုလည်း ရဲက စုံစမ်း စစ်ဆေး နေပါတယ်။

ဒီ အထူး ရဲတပ်ဖွဲ့ဟာ အရှင် မဖမ်းဘဲ အသေပစ်ခတ် ဖမ်းဆီးဖို့ ကြိုးစားလေ့ ရှိတယ်လို့ လူ့အခွင့်အရေး အုပ်စုတွေက စွပ်စွဲ ခဲ့ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ