ရန်လိုမုန်းတီး စိတ်မထားဖို့ ပုပ်ရဟန်းမင်းကြီးပြော

  • 1 ဇန်နဝါရီ 2014
Image caption ပုပ်ရဟန်းမင်းကြီးရဲ့ ပထမဆုံး နှစ်သစ်ကူး ဆုတောင်းဝတ်ပြုပွဲ

အကြမ်းဖက်မှုကို ဆန့်ကျင်ပြီး တဦးနဲ့ တဦး မစူးစမ်း မဆင်ခြင်ဘဲ အကြောင်းမဲ့ ရန်လိုမုန်တီးစိတ်တွေမထားကြဖို့ ပုပ်ရဟန်းမင်းကြီး ဖရန့်စစ်က သူ့ရဲ့ ပထမဆုံး နှစ်သစ်ကူးဆုတောင်းထဲမှာ ဖေါ်ပြပြောဆိုခဲ့ပါတယ်။

ရောမမြို့ စိန့်ပီတာရင်ပြင်မှာ သိန်းနဲ့ချီတဲ့ ဘုရားဖူးတွေကို အဲဒီလို မိန့်ကြားခဲ့တာ ဖြစ်ပြီး တဦးနဲ့ တဦး မတူကွဲပြားမှုတွေ ရှိနေတာကို လက်ခံကြဖို့ ၊ ပဋိပက္ခဖြစ်လာနိုင်တဲ့ စိတ်ခံစားမှုတွေကို သည်းခံ ထိန်းချုပ်ကြဖို့ ကိုလည်း ပုပ်ရဟန်းမင်းကြီးက တိုက်တွန်းခဲ့ပါတယ်။

ပုပ်ရဟန်းမင်းကြီးဟာ သူ၌ုပ်ရဟန်းမင်းကြီး ရာထူးကို ဆက်ခံခဲ့ပြီးကတည်းက ထိခိုက်နစ်နာမှု အရှိနိုင်ဆုံးလူတွေကို အကူအညီပေးနိုင်ဖို့ အလေးထားဆောင်ရွက်နေခဲ့သလို ဗာတီကန်မှာလည်း အဓိကကျတဲ့ပြုပြင်ပြောင်းလဲမှုတွေ လုပ်ဖို့ စီစဉ်နေပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ