တောင်ဆူဒန် ပြည်တွင်းစစ်ငြိမ်းအောင် အပစ်ရပ်ဖို့ သတိပေး

  • 1 ဇန်နဝါရီ 2014
Image caption တောင်ဆူဒန်က တိုက်ပွဲတွေကြောင့် အိုးအိမ်မဲ့ ဖြစ်နေသူတွေ

တောင်ဆူဒန် နိုင်ငံကို ပြည်တွင်းစစ်ကနေ ကယ်တင်နိုင်ဖို့ စစ်ခင်း နေကြတဲ့ ရန်ဘက် အုပ်စု တွေကြား အပစ်ခတ် ရပ်စဲရေး သဘောတူကြရမယ်လို့ ကုလသမဂ္ဂက သတိပေးလိုက်ပါတယ်။

တဘက်နဲ့ တဘက်တိုက်ခိုက်နေကြဆဲ ဖြစ်ပေမယ့် အီသရိုးပီးယားနိုင်ငံမှာ လုပ်မယ့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲအတွက် နှစ်ဘက်စလုံးက ပြင်ဆင်နေကြပါတယ်။

တဘက်နဲ့တဘက် ဆိုးရွားတဲ့ အကြမ်းဖက်တိုက်ခိုက်မှုတွေ လုပ်နေကြတာကြောင့် လူမျိုးရေးတင်းမာမှုတွေ ပိုများလာနေတယ်လို့ ကုလ သမဂ္ဂ ငြိမ်းချမ်းမှု ထိန်းသိမ်းရေးအဖွဲ့ ခေါင်းဆောင် Hilde Johnson ကဘီဘီစီကို ပြောပါတယ်။

တိုက်ပွဲတွေကြောင့် အိုးအိမ်စွန့်ထွက်ပြေးခဲ့ရသူ သောင်းချီရှိနေပြီး သူတို့ဟာ အစာရေစာ ပြတ်လပ်နေသလို နေစရာ မလုံလောက် ဖြစ်နေကြရတယ်လို့လည်း သူက ပြောပါတယ်။

လက်ရှိသမ္မတ ဆာလ်ဗာကီးယားနဲ့ ဒုတိယသမ္မတဟောင်း ဒုတိယ သမ္မတဟောင်း ရီယက် မာချာတို့ကြား ပဋိပက္ခကြောင့် ဒီဇင်ဘာလလယ်ကတည်းက ဖြစ်ခဲ့တဲ့ တိုက်ခိုက်မှုတွေအတွင်း သေဆုံးသူ တထောင်ထက်မနည်း ရှိခဲ့ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ