Musharraf တရားရုံး အသွား နှလုံးဖောက်လို့ ဆေးရုံတင်ထားရ

  • 2 ဇန်နဝါရီ 2014
Image caption တရားရုံးအသွား လမ်းမှာ နှလုံးရောဂါ ဖောက်လာတဲ့ သမ္မတဟောင်း မူရှာရက်ဖ်

နိုင်ငံတော်ကို သစ္စာဖောက်မှုနဲ့ တရားစွဲ ခံထားရတဲ့ ပါကစ္စတန် သမ္မတဟောင်း ပါဗက်ဇ် မူရှာရက်ဖ်ဟာ တရားရုံးအသွား ရုတ်တရက် မကျန်းမမာ ဖြစ်လာတာကြောင့် ဆေးရုံတင်ထားရပါတယ်။

မစ္စတာ မူရှာရက်ဖ်ဟာ နှလုံးဝေဒနာ ခံစားရတာကြောင့် သူ့ကို ရာဝါလ် ပင်န်ဒီ အရပ်နားက စစ်ဖက်ဆိုင်ရာ နှလုံးရောဂါ အထူးကု ဆေးရုံကို ပို့ဆောင်ခဲ့ရတယ်လို့ အစ္စလာမ်မာဘတ်မြို့က အထူးကြားနာ စစ်ဆေးပွဲမှာ ရဲအရာရှိ တယောက်က ပြောပါတယ်။

မစ္စတာ မူရှာရက်ဖ်ဟာ သတိရှိနေပြီး သူ့ကို စစ်ဖက်ဆိုင်ရာ ဆရာဝန်တွေက ကျန်းမာရေး စစ်ဆေးမှုတွေ ပြုလုပ်နေတယ်လို့ သူ့ပြောခွင့်ရသူ ပုဂ္ဂိုလ်က ဆိုပါတယ်။

တရားရေး ဆိုင်ရာ အရင်ကြားနာမှု နှစ်ခုကိုလည်း လုံခြုံရေး ပြဿနာတွေကြောင့် မစ္စတာ မူရှာရက် တက်ရောက်နိုင်ခြင်း မရှိခဲ့ပါဘူး။