ရဝမ်ဒါ အတိုက်အခံ ခေါင်းဆောင် ဟော်တယ်အခန်းထဲမှာ သေဆုံး

  • 2 ဇန်နဝါရီ 2014
Image caption တောင်အာဖရိက ဟော်တယ်မှာ သေဆုံးနေတဲ့ ရဝမ်ဒါ အတိုက်အခံ Patrick Karegeya

ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့တုန်းက တောင်အာဖရိက နိုင်ငံ ဂျိုဟန်နာ စဘတ်မြို့က ဟော်တယ်မှာ ရိုဝမ်ဒါက ထိပ်တန်း အတိုက်အခံ ခေါင်းဆောင် ပတ်ထရစ် ကာရာဂေးရား သေဆုံးမှုနဲ့ ပတ်သက်လို့ ဒါဟာ လူသတ်မှုလား ဆိုပြီး တောင်အာဖရိကရဲတွေက စုံစမ်း စစ်ဆေးမှုတွေ စတင်နေပါပြီ။

မစ္စတာ ကာရာဂေးရားဟာ လည်ပင်း ညှစ်သတ်ခံရတာ ဖြစ်ကောင်း ဖြစ်နိုင်တယ်လို့ သူတို့က ပြောပါတယ်။

သူ့လည်ပင်းဟာ ရောင်နေပြီး သူ့အခန်းထဲမှာ တွေ့ရတဲ့ ကြိုးနဲ့ မျက်နှာသုတ်ပုဝါမှာ သွေးကွက်တွေ တွေ့ရတယ်လို့ ဆိုပါတယ်။

မစ္စတာ ကာရာဂေးရားဟာ ထောက်လှမ်းရေး အရာရှိဟောင်း တယောက် ဖြစ်ပြီး ၂ဝဝ၆ ခုနှစ်တုန်းက သမ္မတ ပေါလ် ကာဂါမေ ကို ဆန့်ကျင်ဖို့ ကြံရွယ်တယ် ဆိုကာ စွပ်စွဲခံရတာကြောင့် ရိုဝမ်ဒါကနေ ထွက်ပြေးလာတာ ဖြစ်ပါတယ်။