ဒုက္ခသည်စခန်း သေနတ်ပစ်ခံရလို့ ကလေးသုံးယောက် သေဆုံး

  • 4 ဇန်နဝါရီ 2014
Image caption နယ်စည်းမခြား ဆေးကုသရေး အဖွဲ့

အလယ်ပိုင်း အာဖရိက သမ္မတ နိုင်ငံ မြို့တော် ဘွန်ဂီမှာ အိုးအိမ်မဲ့ ဖြစ်သွားသူ တသိန်းကျော်ကို စောင့်ရှောက်ထားတဲ့ ဒုက္ခသည် စခန်းရဲ့ အခြေအနေဟာ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း ဆိုးရွားလာနေတယ်လို့ နယ်စည်းမခြား ဆေးကုသရေး အဖွဲ့ MSF က ပြောပါတယ်။

ဒီဇင်ဘာ ၃၁ရက်နဲ့ ဇန္နဝါရီ တရက်နေ့တုန်းက အမည်မသိ သေနတ်သမားတွေက ဒုက္ခသည် စခန်းနဲ့ နယ်စည်းမခြား ဆေးကုသရေး အဖွဲ့ ဆေးခန်းဖက်ကို တည့်တည့် ပစ်ခတ်ခဲ့တာကြောင့် ကလေးသုံးယောက် သေဆုံးသွားတယ်လို့ MSF ဝန်ထမ်းတယောက်က ဆိုပါတယ်။

ဒါ့အပြင် စခန်းမှာ သောက်သုံးရေနဲ့ ရိက္ခာ ပြတ်လပ်နေတယ်လို့ သိရပါတယ်။

အကြမ်းဖက် တိုက်ခိုက်မှုတွေကြောင့် လူတသန်းနီးပါး အိုးအိမ်မဲ့ ဖြစ်နေရတဲ့ အလယ်ပိုင်း အာဖရိက သမ္မတ နိုင်ငံမှာ တိုက်ပွဲတွေ ဖြစ်နေတဲ့ အတွက် ကယ်ဆယ်ကူညီရေးတွေ လုပ်ဆောင်ပေးဖို့ အခက်တွေ့နေရတယ်လို့ ကုလသမဂ္ဂက ပြောပါတယ်။