ဖွံ့ဖြိုးဆဲ နိုင်ငံတွေမှာ အဝလွန်သူတွေ တိုးလာ

  • 3 ဇန်နဝါရီ 2014
Image caption လူလတ်တန်းစား များတဲ့ နိုင်ငံတွေမှာ အဆိုးဆုံးဖြစ်။

ဖွံ့ဖြိုးဆဲ နိုင်ငံတွေမှာ အဝလွန်သူ အရေအတွက်ဟာ ချမ်းသာထက် နိုင်ငံတွေမှာထက် ပိုမိုပြီး အလျင်အမြန် တိုးပွားလာနေတယ်လို့ ဗြိတိန် အခြေစိုက် နိုင်ငံရပ်ခြား ဖွံ့ဖြိုးမှု လေ့လာရေး အဖွဲ့ရဲ့ အစီရင်ခံစာ တစ်ခုမှာ ဖော်ပြထားပါတယ်။

အစီရင်ခံစာအရ ဖွဲ့ဖြိုးဆဲ နိုင်ငံတွေမှာ ၂၀၀၈ ခုနှစ်မှာ အဝလွန် သူ အရေအတွက်ဟာ သန်းတထောင်နီးပါး ရှိနေပြီး၊ ဒါဟာ ၁၉၈၀ တုန်းက အရေအတွက်ထက် နှိုင်းစာရင် ၃ ဆကျော် တိုးလာတာလို့ ဆိုပါတယ်။

အခုလို အဝလွန်တာဟာ အသားနဲ့ တခြား အဆီများတဲ့ အစားအစာတွေကို အစားများကြတဲ့ လူလတ်တန်းစား များတဲ့ နိုင်ငံတွေမှာ အဆိုးဆုံး ဖြစ်နေတယ် လို့လည်း ဆိုပါတယ်။

ဒီအတွက် အကျိုးရလဒ်အနေနဲ့ ကင်ဆာရောဂါ၊ ဆီးချိုရောဂါ၊ နှလုံးရောဂါနဲ့ လေဖြတ် ဝေဒနာတွေ ခံစားရသူ အရေအတွက်ဟာ အလွန်တရာ များပြားလာပြီး ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းတွေအတွက် ကြီးလေးလှတဲ့ ၀န်ထုပ်ဝန်ပိုး ဖြစ်လာစေတယ်လို့ အစီရင်ခံစာက ထောက်ပြထားပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ