တောင်ဆူဒန် အစိုးရနဲ့ သူပုန် ညှိနှိုင်းမှု စတင်

  • 3 ဇန်နဝါရီ 2014
Image caption တိုက်ခိုက်မှုတွေကြောင့် လူ ၁ ထောင်ကျော် သေဆုံးပြီးဖြစ်

တောင်ဆူဒန်မှာ ဖြစ်ပွားနေတဲ့ ပဋိပက္ခတွေ အဆုံးသတ်စေဖို့ အတွက် အစိုးရနဲ့ သူပုန် အကြား ငြိမ်းချမ်းရေး စေ့စပ် ညှိနှိုင်းမှုတွေကို အိမ်နီးချင်း အီသီးယို ပီးယား နိုင်ငံ မြို့တော် အဒစ်အဘာဘာ မြို့မှာ စတင်နေပြီ ဖြစ်ပါတယ်။

အစိုးရနဲ့ သူပုန် ကိုယ်စားလှယ် တွေဟာ မျက်နှာချင်းဆိုင် တွေ့ဆုံတာမျိုး မဟုတ်ဘဲ ကြားဝင် စေ့စပ်သူ တွေနဲ့သာ စကားပြောကြတာ ဖြစ်ပါတယ်။

တောင်ဆူဒန်မှာ ဒီဇင်ဘာလက စတင် ဖြစ်ပွားခဲ့တဲ့ တိုက်ခိုက်မှုတွေကြောင့် လူပေါင်း အနည်းဆုံး ၁ထောင်လောက် အသက် ဆုံးရှုံးခဲ့ရပြီ ဖြစ်ပါတယ်။

အမေရိကန် ပြည်ထောင်စုကလည်း လုံခြုံရေး အခြေအနေတွေ ဆိုးဝါး လာနေတယ်လို့ ပြောပြီး တောင်ဆူဒန်က အမေရိကန် သံရုံးမှာ ရှိတဲ့ သူ့ရဲ့ နောက်ထပ် ဝန်ထမ်း တွေကို ပြန်ခေါ်နေပါတယ်။

တောင်ဆူဒန် အစိုးရ ကတော့ ဘိုလ် မြို့နဲ့ ဘန်တီယူ မြို့တွေကို ပြန်သိမ်းနိုင်ဖို့ ကြိုးပမ်းနေသလို သူပုန် တပ်ဖွဲ့တွေကလည်း မြို့တော် ဂျူဘာကို ချီတက် သွားနေကြတယ်လို့ သတင်းတွေ ရရှိပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ