တူနီးရှားအခြေခံဥပဒေ အတည်ပြုဖို့မဲခွဲ

  • 3 ဇန်နဝါရီ 2014
Tunisia
Image caption လွှတ်တော်မှာ ဥပဒေ ပုဒ်မ တခုချင်း အလိုက် မဲခွဲ

တူနီးရှား ဖွဲ့စည်းပုံ အခြေခံ ဥပေဒကို အတည်ပြု နိုင်ဖို့ အတွက် ဥပဒေမှာ ပါတဲ့ ပုဒ်မ တခုချင်း အလိုက်ကို မဲခွဲပြီး အတည်ပြု နေပါတယ်။

ဒီဖွဲ့စည်းပုံ ဥပဒေ ကို တူနီးရှားမှာ ၂၀၁၁ ခုနှစ်တုန်းက အာဏာရှင် အစိုးရကို ဆန္ဒပြပြီး ဖြုတ်ချနိုင် ခဲ့တဲ့ ဇန်နဝါရီလ ၁၄ ရက်နေ့ မှာအပြီးသတ် အတည်ပြု နိုင်ဖို့ နိုင်ငံရေး မားတွေက မျှော်လင့် နေပါတယ်။

အဲဒီလို အတည်ပြု နိုင်တဲ့ အခါ နိုင်ငံတွင်း မှာ သဘောထား ကွဲနေတဲ့ နိုင်ငံရေး အင်အားစုတွေ ကြားမှာ လည်းပြေလည် မှုတွေ ရသွား လိမ့်မယ်လို့ မျှော်လင့် နေကြပါတယ်။

ကိုယ်စားလှယ် ၂၇၁ ဦး ပါတဲ့ ဒီဖွဲ့စည်းပုံ ရေးဆွဲရေး ဆိုင်ရာ တိုင်းပြုပြည်ပြု လွှတ်တော်ကို ၂၀၁၁ အောက်တို ဘာ လမှာ စတင် ဖွဲ့စည်းခဲ့ပြီး တနှစ်အတွင်း မှာ အခြေခံ ဥပဒေသစ်ကို အပြီး ရေးဆွဲဖို့ တာဝန်ပေး ခဲ့တာပါ။

ဒါပေမယ့် အဲဒီအချိန် က နိုင်ငံကို အုပ်ချုပ်ခဲ့တဲ့ အလယ်အလတ် အစ္စလာမ္မစ် ဝါဒီ အန်နာဒါ ပါတီနဲ့ အတိုက်အခံတို့ ကြား ပြဿနာ တွေကြောင့် အချိန်တွေ ကြန့်ကြာ ခဲ့ရ ပါတယ်။

ဒါ့အပြင် မနှစ်က အတိုက်အခံ ပါတီဝင် နှစ်ဦး လုပ်ကြံ သတ်ဖြတ် ခံရတဲ့ အတွက်လည်း အခြေအနေ တွေ ပိုဆိုး ခဲ့ရ ပါတယ်။

မနှစ်က နှစ်ကုန်ပိုင်း မှာတော့ ရွေးကောက်ပွဲ မတိုင်ခင် တာဝန်ယူမယ့် ကြားဖြတ် အစိုးရ တရပ်ကို ဖွဲ့စည်းဖို့ အန်နာဒါ ပါတီနဲ့ အတိုက်အခံ တွေကြား သဘောတူညီမှု ရခဲ့ပြီး ဖွဲ့စည်းပုံ ဥပဒေ သစ်ကို အတည်ပြုပြီး ခြောက်လ အ တွင်း ရွေးကောက်ပွဲ ကျင်းပဖို့ မျှော်မှန်း ခဲ့ကြ ပါတယ်။

ပုဒ်မ ၁၄၅ ခု ကျော် ပါဝင်တဲ့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ သစ်ကို အတည်ပြုဖို့ ထောက်ခံမဲ သုံးပုံနှစ်ပုံ ရဖို့ လိုအပ် ပါတယ်။

ဒါပေမယ့်လည်း ဖွဲ့စည်းပုံ ဥပဒေကို အတည်ပြု နိုင်ယုံနဲ့ တူနီးရှား ရဲ့ စိန်ခေါ်မှု တွေ ဟာ အဆုံးသတ် သွားဦးမှာ မဟုတ်ပါဘူး။

ဥပဒေ စိုးမိုးရေး၊ လုံခြုံရေးနဲ့ စီးပွားရေး ကိစ္စအဝဝ အတွက် ပြုပြင် ပြောင်းလဲ မှုတွေ အများကြီး လုပ်ဖို့ လိုနေ သေးတယ်လို့ တူးနစ်စ် မြို့တော်မှာ ရှိနေတဲ့ သတင်းထောက် Naveena Kottoor က ပြော ပါတယ်။