ဆူဒန်ငြိမ်းချမ်းရေး အလှမ်းဝေးဆဲ

  • 4 ဇန်နဝါရီ 2014
Image caption တောင်ဆူဒန်ပြည်တွင်းစစ်ဘေးဒုက္ခသည်များ

စစ်ပွဲတွေ ဖြစ်နေကြတဲ့ ဆူဒန် အစိုးရနဲ့ သူပုန်အကြေား တိုက်ရိုက်ဆွေးနွေးမှုတွေ ကို ဒီကနေ့ စတင်နိုင်မှာ မဟုတ်ဘူးလို့ ငြိမ်းချမ်းရေး အတွက် ကြားဝင် ဆောင်ရွက်ပေး နေတဲ့ အီသီယိုပီယား နိုင်ငံရဲ့ နိုင်ငံခြားရေး ၀န်ကြီး တက်ဒ်ရို့စ် အက်ဒ်ဟနွမ် က ပြောကြားလိုက်ပါတယ်။

အစောပိုင်းတုန်းကတော့ အောင်မြင်ဖွယ်ရှိတယ်လို့ အပြုသဘော ပြောကြား ခဲ့ပေမယ့်လည်း ၊ သက်ဆိုင်သူတွေ တိုက်ရိုက်တွေ့ဆုံဖို့ အတွက် ဆွေးနွေးမှုတွေဟာ ဆက်လုပ်ပြုလုပ်နေရဆဲ ဖြစ်နေပါတယ်။

ဒီလို စေ့စပ် ညှိနှိုင်းတာတွေကို အီသီယိုပီးယားနိုင်ငံ မြို့တော် အက်ဒစ် အဘာဘာ မှာ ပြုလုပ်နေတာပါ။

တောင်ဆူဒန်မှာတော့ တိုက်ခိုက်မှုတွေ အကြီးအကျယ် ဆက်လက် ရှိနေဆဲ ဖြစ်တယ်လို့ မြို့တော် ဂျူဘာ မှာ ရှိတဲ့ ဘီဘီစီ သတင်းထောက် က ပြောပါတယ်။

သမ္မတ ဆာလ်ဗာ ကီးယားကို သစ္စာခံတဲ့ တပ်တွေဟာ ဘန်တီယူ နဲ့ ဘိုလ် မြို့ တွေကို တိုက်ခိုက်ဖို့ ပြင်ဆင်နေကြပါတယ်။ အဲဒီမြို့တွေကို အရင် ဒုသမတ ဟောင်း ရီယက် မာချာ တပ်တွေက လောလော ဆယ် ထိန်းချုပ်ထားကြတာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ