ဘင်္ဂလားဒေ့ရှ် ရွေးကောက်ပွဲ ဆူပူအုံကြွ

  • 5 ဇန်နဝါရီ 2014
Bangladesh
Image caption ကျီးလန့်စာစား ကျင်းပရတဲ့ ရွေးကောက်ပွဲ

အတိုက်အခံ တွေ သပိတ်မှောက် ထားတဲ့ ဘင်္ဂလားဒေ့ရှ် ရွေးကောက်ပွဲ မှာ မဲလာ ပေးတဲ့သူ နည်းပါးပြီး အတိုက်အခံ တွေရဲ့ အကြမ်းဖက် အဓိကရုဏ်း တွေကြောင့် အနည်းဆုံး လူ ၂ဝ လောက် သေဆုံး ခဲ့ရပါတယ်။

ဒီရွေးကောက်ပွဲနဲ့ အပြီး မသတ်ဘဲ နောက်တခါ ကျင်းပ နေရမှာ ကို ပူပန်ကြောင်း ဒါကာ မြို့က အမျိုးသမီး တဦးက ပြောဆို ပါတယ်။

ရွေးကောက်ပွဲ ကြီးမှူး ကျင်းပဖို့ ကြားလူတွေနဲ့ အိမ်စောင့် အစိုးရ ဖွဲ့စည်း ပေးရေး တောင်းဆိုချက်ကို ဝန်ကြီးချုပ် ရှိတ် ဟာဇီနာ အစိုးရက ပယ်ချ လိုက်ပြီးနောက် ဘင်္ဂလားဒေ့ရှ် အမျိုးသားရေး ပါတီနဲ့ မဟာမိတ် တွေက မဲဆန္ဒရှင် တွေကို မဲမပေးကြဖို့ စည်းရုံး နေကြတာ ဖြစ်ပါတယ်။

မဲရုံ ၁၅ဝ ကျော် ကိုလည်း ရပ်ဆိုင်း ထားရပြီး ဒါကာ မြို့တော်က မဲရုံ တွေမှာ ဗုံး ၂ လုံး လောက် ကွဲ ခဲ့တယ်လို့ သိရပါတယ်။

တချို့ နေရာ တွေမှာ သေနတ်နဲ့ ပစ်ခတ် ဟန့်တား ခဲ့ရတယ်လို့ ရဲက ဆိုပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ