ရုရှား ပူတင် ဆန္ဒပြခွင့် လျော့ပေါ့ပေး

  • 5 ဇန်နဝါရီ 2014
Image caption ဆောင်းရာသီ အိုလံပစ် ပွဲတော် ကျင်းပမယ့် ဆိုချီက ပြင်ဆင်ထားတဲ့ မြင်ကွင်း

ရုရှား သမ္မတ ဗလာဒီမြာ ပူတင်ဟာ နောက်လ ဆိုချီမှာ ကျင်းပမယ့် ဆောင်းရာသီ အိုလံပစ်နဲ့ မသန်စွမ်း အိုလံပစ်တွေမှာ အငြင်းပွားစရာ ကိစ္စတခု ဖြစ်တဲ့ အများနဲ့ ဆိုင်တဲ့ ဆန္ဒပြမှု အားလုံး တားမြစ်ထားတာကို အခုတော့ လျော့ပေါ့ပေးလိုက်ပါပြီ။

Black Sea ပင်လယ်နက် အပမ်းဖြေ စခန်းက သတ်မှတ်ထားတဲ့ နေရာမှာ အခုတော့ ဆန္ဒပြမှုတွေ ပြုလုပ်နိုင်ပြီ ဖြစ်ပေမယ့် သက်ဆိုင်ရာ ခွင့်ပြုချက်တော့ ရယူရမှာ ဖြစ်ပါတယ်။

အခုလို လျော့ပေါ့ ပေးလိုက်တဲ့ အတွက် နိုင်ငံတကာ အိုလံပစ် ကော်မတီက ကြိုဆိုလိုက်ပြီး ဒါဟာ မစ္စတာ ပူတင်က လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်နဲ့ အားကစားပွဲတော် လုံခြုံရေး တို့ကို အာမခံ ပေးလိုက်တာဘဲလို့ ဆိုပါတယ်။

မစ္စတာ ပူတင်ဟာ ဒီအားကစားပွဲတော် မကျင်းပခင် လူသိထင်ရှား အကျဉ်းသား တော်တော်များများကိုလည်း ပြန်လွှတ်ပေးခဲ့တာ ဖြစ်ပါတယ်။