တောင်ဆူဒန် ညှိနှိုင်းရေးမှူး အဆင့် ဆွေးနွေး

  • 5 ဇန်နဝါရီ 2014
Image caption တောင်ဆူဒန် ဒုသမ္မတဟောင်း Riek Machar

တောင်ဆူဒန်မှာ သီတင်းသုံးပတ်ကြာ အကြမ်းဖက်မှုတွေ အဆုံးသတ်သွားစေဖို့ တိုက်နေတဲ့ နှစ်ဖက် အဖွဲ့တွေ တရားဝင် တွေ့ဆုံဆွေးနွေး ကြပါပြီ။

အခုလို တွေ့ဆုံမယ့် ကိစ္စဟာ ထူးခြားမှု တခုဖြစ်ပြီး လတ်တလောမှာတော့ နှစ်ဖက် အဖွဲ့တွေက ညှိနှိုင်းရေးမှူးတွေ အချင်းချင်း တွေ့ဆုံ နေကြတာ ဖြစ်ပါတယ်။

အီသီယိုးပီးယား နိုင်ငံ အဒစ်ဘာဘာမြို့တော်မှာ နှစ်ဖက် အဖွဲ့တွေ တွေ့ဆုံဖို့ ကိစ္စဟာ မထင်မှတ်ဘဲ နှောက်နှေးမှုတွေနဲ့ ကြုံခဲ့ရပါတယ်။

ကိုယ်စားလှယ် အဆင့် ဆွေးနွေးပွဲတွေကို ဒီနေ့ တနင်္ဂနွေနေ့ စတင်နိုင်လိမ့်မယ်လို့ ယူဆရပြီး တောင်ဆူဒန် သမ္မတ ဆယ်လ်ဗာ ကီးယား နဲ့ သူ့လက်ထောက် ဒုသမ္မတဟောင်း ရီးရက် မက်ရှား တို့ရဲ့ ကိုယ်စားလှယ်တွေ တွေ့ဆုံကြမှာ ဖြစ်ပါတယ်။

ဒီကိုယ်စားလှယ်တွေဟာ တောင်ဆူဒန်မှာ အကြမ်းဖက် တိုက်ခိုက်မှုတွေ ချက်ချင်း အဆုံးသတ်ဖို့ နဲ့ ထိန်းသိမ်းထားတဲ့ နိုင်ငံရေး အကျဉ်းသား ကိစ္စတွေကို အဓိကထား ဆွေးနွေးကြမှာ ဖြစ်ပါတယ်။