သပိတ်ကြောင့် ဘင်္ဂလားဒေ့ရှ် အာဏာရပါတီ အနိုင်ရ

  • 6 ဇန်နဝါရီ 2014
Image caption အတိုက်အခံက သပိတ်မှောက်လို့ မဲပေးသူ အနည်းငယ်သာရှိ။

တနင်္ဂနွေနေ့က ကျင်းပတဲ့ ရွေးကောက်ပွဲကို အတိုက်အခံက သပိတ်မှောက်လို့ မဲပေးသူ အရမ်းနည်းခဲ့ပေမယ့် ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ် ရှိက်ဟာဆီနာက သူ့ရဲ့ အာဏာရ အဝါမီ လိဂ်ပါတီ အနိုင်ရတာဟာ တရားဝင်မှု ရှိတယ်လို့ အလေးအနက် ပြောကြားလိုက် ပါတယ်။

အတိုက်အခံ ဘင်္ဂလားဒေ့ရှ် အမျိုးသားရေးပါတီ ဘီအန်ပီ ပါတီ ကတော့ ဒီရွေးကောက်ပွဲ ရလဒ်ဟာ တရားမဝင်ဘဲ ဒါကို ပယ်ဖျက်ပေးဖို့ တောင်းဆိုလိုက်ပြီး ဘီအန်ပီကို ထောက်ခံသူတွေဟာ နောက်ထပ် ၄၈ နာရီ သပိတ် ဆက်လက် ဆင်နွှဲ နေကြပါတယ်။

ဘက်မလိုက်တဲ့ ကြားဖြတ် အစိုးရကနေ ကမကထပြု ကျင်းပပေးတဲ့ ရွေးကောက်ပွဲကို အတိုက်အခံတွေဘက်က အလိုရှိနေပါတယ်။

မနေ့ကနဲ့ ဒီကနေ့ အကြမ်းဖက်မှုတွေကြောင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံမှာ လူပေါင်း ၂၀ ကျော် သေဆုံးခဲ့ရပြီး ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ