မြန်မာသံရုံး ဗုံးခွဲဖို့ ကြံစည်သူ ထောင်ချ

  • 6 ဇန်နဝါရီ 2014
Image caption ဗုံးခွဲဖို့ ကြံစည်သူ Achmad Taufiq (ဝဲ)ကို ရုံးထုတ်လာစဉ်။

အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာ မြို့က မြန်မာ သံရုံးကို ၂၀၁၃ ခုနှစ် မေလက ဗုံးခွဲဖို့ ကြိုးပမ်းသူတွေထဲက တစ်ဦးကို အင်ဒိုနီးရှား တရားရုံးကနေ ထောင်ဒဏ် ၇ နှစ်ခွဲ ချမှတ်လိုက်ပါတယ်။

အက်ခ်မတ် တိုဖစ်ခ် လို့ အမည်ရတဲ့ အသက် ၂၂ နှစ်အရွယ် ဒီတရားခံကို ၂၀၁၃ မေလက ဗုံးခွဲဖို့ ကြံစည်ထားတဲ့ ရက်မတိုင်ခင် တညမှာ လက်လုပ် ဗုံးတွေတင်ဆောင်ပြီး ဆိုင်ကယ်စီးအလာ ဖမ်းမိခဲ့တာ ဖြစ်ပါတယ်။

အဲဒီအချိန်က သူနဲ့အတူ တခြား တဦးလည်း ဆိုင်ကယ်နဲ့ ပါလာခဲ့တာ ဖြစ်ပါတယ်။

အဲဒီတုန်းက ဖမ်းမိသူတွေက မြန်မာနိုင်ငံမှာ မွတ်ဆလင်တွေ အပေါ် တိုက်ခိုက် နေမှုတွေ ရှိနေတာကြောင့် လက်စားချေတဲ့ အနေနဲ့ လုပ်တာလို့ ရဲကို ထွက်ဆိုခဲ့ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ