ဖလူဂျာမြို့ကို စစ်သွေးကြွတွေ ထိန်းချုပ်ဆဲ

  • 6 ဇန်နဝါရီ 2014
Image caption ဖလူဂျာမြို့ကို ထိန်းချုပ်ထားတဲ့ စစ်သွေးကြွတွေ။

တိုက်ပွဲတွေ ဖြစ်ပွားနေတဲ့ အီရတ်နိုင်ငံ ဖလူဂျာ မြို့က နေထိုင်သူတွေ အနေနဲ့ မြို့မှာ ဝင်ရောက် နေတဲ့ စစ်သွေးကြွတွေကို မောင်းထုတ်ကြဖို့ အီရတ် ဝန်ကြီးချုပ် နိုရီ အဲလ် မာလိကီက တိုက်တွန်းလိုက်ပါတယ်။

အဲဒီစစ်သွေးကြွတွေဟာ အဲလ်ခိုင်ဒါးနဲ့ ဆက်နွယ် နေသူတွေဖြစ်ပြီး အဲဒီ ဖလူဂျာမြို့ကို ထိန်းချုပ်ထားတာ ဖြစ်ပါတယ်။

မစ္စတာ မာလိကီက သူ့အဆို ဒီ အကြမ်းဖက်သမားတွေကို လူထုက မောင်းထုတ်မယ် ဆိုရင် အစိုးရဘက်ကလည်း စစ်သွေးကြွေတွေကို အစွမ်းကုန် တိုက်ထုတ်သွားမယ်လို့ ပြောပါတယ်။

အီရတ် အစိုးရက အဲဒီမြို့ကို လေကြောင်းက တိုက်ခိုက်မှုတွေနဲ့ အမြောက်နဲ့ ပစ်ခတ်တာတွေ လုပ်နေပြီး တိုက်ပွဲတွေကလည်း ဆက်လက် ဖြစ်ပွားနေတာကြောင့် ထောင်နဲ့ချီတဲ့ လူတွေဟာ ဖလူဂျာ မြို့ကနေ ထွက်ပြေးလာခဲ့ကြပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ