အီရတ်က ဖလူဂျာမှာ လူတွေ ရာနဲ့ချီ ထွက်ပြေး

Image caption ဖလူဂျာမှာ တိုက်ပွဲ ပြင်းထန်လို့ အရပ်သားတွေ ထွက်ပြေးနေရ

အီရတ် နိုင်ငံ အနောက်ပိုင်းက ဖလူဂျာမြို့မှာ စစ်တပ်က လက်နက်ကြီးတွေနဲ့ ဗုံးကြဲပြီး လေကြောင်းက တိုက်ခိုက်မှုတွေ ပြုလုပ်နေတာကြောင့် ရာနဲ့ချီတဲ့လူတွေ ထွက်ပြေးလာကြပါတယ်။

ဖလူးဂျာမြို့နဲ့ အနောက်ပိုင်း ရာမဒီ အရပ်က နေရာတော်တော်များများ ကို သိမ်းထားတဲ့ ဒေသဆိုင်ရာ လူမျိုးစု တိုက်ခိုက်ရေး သမားတွေနဲ့ အယ်ကိုင်းဒါး စစ်သွေးကြွတွေကို အစိုးရ တပ်ဖွဲ့တွေက တိုက်နေတာ ဖြစ်ပါတယ်။

ဒီ အရေးပါတဲ့ မြို့ကြီးနှစ်ခု ကနေ အယ်ကိုင်းဒါးနဲ့ စပ်ဆက်နေတဲ့ စစ်သွေးကြွတွေကို လုံးဝ ဖယ်ရှားပစ်ဖို့ ရက်အတန်ကြာ အချိန်ယူရမယ်လို့ ဒေသဆိုင်ရာ စစ်တပ် အရာရှိ တယောက်က အစိုးရ မီဒီယာကို ပြောကြားခဲ့ပါတယ်။