တပ်အရာရှိတွေ အမှုကို ပြန်လည် စစ်ဆေးဖို့ ဝန်ကြီးချုပ် ထောက်ခံ

  • 6 ဇန်နဝါရီ 2014
Image caption တူရကီ ဝန်ကြီးချုပ် Recep Tayyip Erdogan

တူရကီ နိုင်ငံမှာ အစိုးရအဖွဲ့ကို ဖယ်ရှားပစ်ဖို့ ကြံစည်မှုနဲ့ ပြစ်ဒဏ်ချမှတ်ခံထားရတဲ့ ရာနဲ့ချီတဲ့ စစ်တပ်အရာရှိတွေနဲ့ တခြားသူတွေ အမှုကို ပြန်လည် စစ်ဆေးဖို့ သူထောက်ခံကြောင်း ဝန်ကြီးချုပ် ရာဂျစ်ပ် တိုင်ရစ်ပ် အယ်ဒိုဝမ် က ပြောပါတယ်။

ဒီအရာရှိတွေဟာ ရဲနဲ့ တရားစီရင်ရေး အဖွဲ့ရဲ့ အမှုဆင်ခံရတာလို့ မစ္စတာ အယ်ဒိုဝမ်ရဲ့ ထိပ်တန်း အကြံပေးတယောက်ရဲ့ ပြောကြားချက် ပေါ်ထွက်လာတဲ့ အခါမှာ သူတို့ အပေါ် စီရင်မှုတွေဟာ တရားနည်းလမ်းကျရဲ့လား ဆိုတာကို လတ်တလောမှာ မေးခွန်းထုတ်ခံနေရပါတယ်။

Sledgehammer လို့ လူသိများတဲ့ ဒီအမှုကြောင့် တူရကီ နိုင်ငံရေးမှာ စစ်တပ်ရဲ့ အရေးပါမှု လျော့ကျသွားစေခဲ့တာ ဖြစ်ပါတယ်။

အခုတော့ တူရကီ အစိုးရဟာ သူ့အဖွဲ့အတွင်းက ရဲနဲ့ တရားစီရင်ရေး အဖွဲ့ တို့မှာ အခက်ကြုံနေရပါတယ်။