အမေရိကန် အလယ်ပိုင်း ပြည်နယ်တွေ အအေးလှိုင်း ဒဏ်ခံရ

  • 6 ဇန်နဝါရီ 2014
နှင်းမုန်တိုင်းကြောင့် အမေရိကန်မှာလူတွေ ဒုက္ခရောက်
Image caption နှင်းမုန်တိုင်းကြောင့် အမေရိကန်မှာလူတွေ ဒုက္ခရောက်

အာတိတ်အအေးလှိုင်းဒဏ်ကြောင့် အမေရိကန် အလယ်ပိုင်းဒေသ ပြည်နယ်အချို့မှာ ရေခဲမှတ်အောက် ၃၀ ဒီဂရီ စင်တီဂရိတ် အထိရောက်နေပါတယ်။ နောက်ပြီး အသက်အ န္တရာယ်ရှိတဲ့ ရေခဲမှတ်အောက် ၅၀ ဒီဂရီ လောက် ရှိတဲ့ လေအေးတိုက်မယ့် အလားအလာကြောင့် လူတွေအတွက် စိုးရိမ်စရာဖြစ်နေပါတယ်။

Indiana ပြည်နယ် Indianapolis မြို့တောဝန် ဂရက်ဘဲလတ်က အခုတွေ့ရတဲ့ ဆိုးဝါးတဲ့ ရာသီဥတုဒဏ်မျိုး ၁၀စုနှစ်တွေနဲ့ ချီပြီးတခါမှ မမြင်ဘူးတဲ့အပြင်

အသက်အန္တရာယ် ရှိနိုင်တဲ့ ရာသီ ဥတုမျိုးဖြစ်လို့ လူတွေအားလုံး အထူးဘဲဂရုစိုက်ကြရမှာဖြစ်တယ်လို့ မှာကြား သွားပါတယ်။

နောက်တခါ မစ်ဆိုရီ ပြည်နယ် စိန့်လူးဝစ် မြို့တော်ဝန် Francis Slay ကတော့ လူတွေ အိမ်ပြင်မထွက်ကြဖို့ နှိုးဆော်သွားပါတယ်။

ကလေးငယ်တွေအပြင်ထွက်ကစားမှာစိုးလို့ တနင်္လာနေ့ ဒီကနေ့ကို မီနီဆိုးတားပြည်နယ်မှာ ကျောင်းတွေပိတ်ထားပါတယ်။

Wisconsin ပြည်နယ်က Green Bay Packers အမေရိကန် football အသင်းကတော့ အခုကစားနေတဲ့ ပွဲစဉ်အတွက် အားပေးသူတွေကို အအေးဒဏ်ခံနိုင်အောင် ခေျာ့ကလက် ဖျော်ရေနဲ့ လက်အိတ်တွေ ပေးပါတယ်။

New York ရှိ JFK လေဆိပ်မှာ နှင်းခဲကြောင့် လေယာဉ်တစီး လမ်းချော်လို့ ခေတ္တပိတ်ထား လိုက်ရပါတယ်။ ဘော်စတွန်နဲ့ ချီကာဂိုမြို့တွေက လေယာဉ် ခရီးစဉ် ရာနဲ့ချီ ဖျက်သိမ်းခဲ့ရပါတယ်။