အိန္ဒိယ မျိုးနွယ်စု ၂စု အကြား အကြမ်းဖက်

  • 7 ဇန်နဝါရီ 2014
Image caption လူမျိုးစု ၂စုကြား အကြမ်းဖက်မှုဖြစ်ပွားရာ အာသံနဲ့ နာဂလန်း ပြည်နယ်

အိန္ဒိယ အရှေ့မြောက်ဘက် အာသံနဲ့ နာဂလန်း ပြည်နယ်တွေမှာ ပြီးခဲ့တဲ့ ၁၀ ရက်လောက်က လူမျိုးစု နှစ်ခုအကြား အကြမ်းဖက် တိုက်ခိုက် မှုတွေ ဖြစ်ပွားခဲ့တာကြောင့် အဲဒီ ပြည်နယ် တွေက ရာနဲ့ချီတဲ့ ဌာနေ တိုင်းရင်းသားတွေဟာ သူတို့ရဲ့ အိမ်ရာတွေကို စွန့်ခွာပြီး ထွက်ပြေးလာ ခဲ့ကြတယ်လို့ အိန္ဒိယ အရှေ့မြောက်ဘက် ရဲတပ်ဖွဲ့က ပြောပါတယ်။

ခါဘီ နဲ့ ရန်မာ လူမျိုး ၃ ထောင်လောက်ဟာ အခုဆိုရင် ဒေသတွင်း စာသင်ကျောင်းတွေက ရွက်ဖျင်တဲတွေမှာ ခိုလှုံနေကြရတယ်လို့ ရဲအရာရှိ တဦးက ပြောပါတယ်။

ဒီလူမျိုးစု နှစ်ဘက်စလုံးက အကြမ်းဖက် တိုက်ခိုက်သူတွေလို့ ယူဆရသူတွေရဲ့ တိုက်ခိုက်မှုတွေ အတွင်း လူ ၁၆ ဦး ထက်မနည်း သေဆုံးခဲ့ပြီးတဲ့နောက် အခုလို ထွက်ပြေးလာခဲ့ကြတာ ဖြစ်ပါတယ်။

အသတ်ခံရသူတွေဟာ လက်ပြန်ကြိုး အတုပ်ခံထားရပြီး မျက်စိကိုလည်း အဝတ်နဲ့ စည်းထားတာကို တွေ့ရတယ်လို့ ဒေသတွင်း သတင်းတွေက ဆိုပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ