စပိန် တော်ဝင် မင်းသမီး တရားရင်ဆိုင်ရမယ်

  • 7 ဇန်နဝါရီ 2014
Image caption စပိန် ဘုရင်နဲ့ အထွေးဆုံး သမီးတော် ခရစ္စတီးနား။

စပိန် ဘုရင် မင်းမြတ် ဂျူအန် ကားလို့စ်ရဲ့ အထွေးဆုံး သမီးတော်ကို အခွန်ရှောင်မှုနဲ့ ငွေကြေး ခဝါချမှု စွပ်စွဲချက်တွေနဲ့ စပိန် တရားရုံး တစ်ခုကနေ ဆင့်ခေါ်လိုက်ပါတယ်။

ဒီအတွက် သမီးတော် ခရစ္စတီးနားဟာ မာယော်ကာက တရားရုံးမှာ လာမယ့် မတ်လကျရင် သွားရောက် တရားရင်ဆိုင်ရမှာ ဖြစ်ပါတယ်။

သူရဲ့ ခင်ပွန်း ဖြစ်သူ အင်နာကီ အာဒန်ဂါရင် ကိုလည်း သူကိုယ်တိုင် ဖွဲ့စည်းထားတဲ့ ပရဟိတ အဖွဲ့က ပြည်သူ့ ဘဏ္ဍာငွေ ဒေါ်လာ သန်းနဲ့ချီပြီး အလွဲသုံးစား လုပ်မှုနဲ့ သံသယရှိတဲ့ အတွက် စုံစမ်း စစ်ဆေးမှုတွေ လုပ်နေတာ တစ်နှစ် ကျော်သွားပြီ ဖြစ်ပါတယ်။

အာဒန်ဂါရင် ကတော့ ဒီစွပ်စွဲချက်တွေကို မဟုတ်မှန်ကြောင်း ငြင်းဆိုထားပါတယ်။

အခုလို ဖြစ်နေတဲ့ အမှုရေးရာတွေကြောင့် စပိန် တော်ဝင် မိသားစုကို အရှက်ရစေပြီး၊ တော်ဝင် မိသားစုတွေဟာ သာမန်ပြည်သူတွေနဲ့ ထိတွေ့မှု မရှိဘူးဆိုတဲ့ ဝေဖန်မှုတွေကိုလည်း ဖြစ်စေခဲ့တယ်လို့ သတင်းထောက်တွေက ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ