သီရိလင်္ကာ မှာ အကြွေတွေရှားပါး

  • 7 ဇန်နဝါရီ 2014
temple
Image caption ရှေးဟောင်း ဗုဒ္ဓ ကျောင်းဆောင် တခု

သီရိလင်္ကာက ငွေ အကြွေတွေ အိန္ဒိယကို ရောက်ကုန်လို့ အကြွေ ရှားပါးမှု ပြဿနာ နဲ့ ကြုံနေရတဲ့ အတွက် ဘယ်လို ပြန်သယ်မလဲ အိန္ဒိယ က ဗုဒ္ဓ ဘာသာ ဘုရား စေတီ တွေရဲ့ ဂေါပက တွေနဲ့ ညှိနှိုင်း နေတယ်လို့ သီရိလင်္ကာ ဗဟိုဘဏ်က ပြောကြား ပါတယ်။

သီရိလင်္ကာ ဘုရားဖူး တွေက အိန္ဒိယက ဘုရားတွေမှာ နှစ်စဉ် လှူဒါန်း လာတဲ့ ငွေတွေက အကြွေ တန်ချိန် ၂ဝ လောက် ရှိနေပြီလို့ သီရိလင်္ကာ ဗဟိုဘဏ်က အရာရှိ တယောက်က ဘီဘီစီကို ပြောကြား ပါတယ်။

သီရိလင်္ကာ အစိုးရ ကတော့ အိန္ဒိယ သွား ဘုရားဖူး ပြည်သူ တွေကို အိန္ဒိယ ငွေနဲ့ပဲ လှူဖို့ သုံးဖို့ အကြံပေး နေပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ