အိန္ဒိယ ရထား တစင်း မီးလောင်၊ ၉ ဦးသေ

  • 8 ဇန်နဝါရီ 2014
Image caption ရထားတွဲ မီးလောင်အပြီး အတွင်းပိုင်း မြင်ကွင်း။

အိန္ဒိယနိုင်ငံ အနောက်ပိုင်းမှာ ရထားတစင်း ပေါ်မှာ မီးလောင်မှု ဖြစ်ပွားခဲ့ပြီး အနည်းဆုံး လူ ၉ ဦး သေဆုံးခဲ့ပါတယ်။

မွန်ဘိုင်း မြို့ကနေ မြောက်ပိုင်း ဒါရာဒန် မြို့ဆီ ဦးတည် ထွက်ခွာလာခဲ့အပြီး နာရီပိုင်း အကြာမှာ ရထားတွဲ ၃ တွဲ မီးစွဲလောင်ခဲ့တယ်လို့ မီးရထား တာဝန်ရှိ ပုဂ္ဂိုလ်တွေက ပြောပါတယ်။

ဘာ့ကြောင့် မီးလောင်မှု ဖြစ်ပွားခဲ့ရတာလဲ ဆိုတာကိုတော့ အတိအကျ မသိရသေးပါဘူး။ ဒါပေမယ့် စုံစမ်းစစ်ဆေးမှု တခု လုပ်ဖို့ အာဏာပိုင်တွေက ညွှန်ကြားထားပါတယ်။

လွန်ခဲ့တဲ့ ၁၀ ရက်လောက်က နိုင်ငံ တောင်ပိုင်းမှာ နောက်ရထားတစင်း မီးစွဲလောင်ပြီး လူ ၂၀ ကျော် သေဆုံးခဲ့အပြီး အခု ဒီမီးလောင်မှု ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ