ဂျပန်မှာ စားသောက်ကုန်တွေကြောင့် အဆိပ်သင့်

  • 8 ဇန်နဝါရီ 2014
Image caption ပိုးသတ်ဆေး ပါတဲ့ အစားအသောက်တွေကြောင့် ရာပေါင်းများစွာ နာမကျန်းဖြစ်

ဂျပန်နိုင်ငံမှာ ပိုးသတ်ဆေး ပါတဲ့ ရေခဲစိမ် အစားအသောက်တွေ စားမိအပြီး လူ ရာပေါင်း များစွာ နာမကျန်း ဖြစ်ခဲ့ကြပါတယ်။

လူပေါင်း ၅၅၀ ကျော် ဝမ်းလျှော၊ အော့အန်၊ ဗိုက်အောင့်တဲ့ ဝေဒနာတွေ ခံစားခဲ့ရတယ်လို့ ဂျပန် ကျန်းမာရေး ဝန်ကြီးဌာနက ပြောပါတယ်။

ဂျပန် သတင်းမီဒီယာတွေကတော့ နာမကျန်း ဖြစ်သူ ပေါင်း ၉၀၀ လောက်အထိ ရှိတယ်လို့ ဆိုပါတယ်။

မာရူဟာ နီချီရို ဦးပိုင် ကုမ္ပဏီက တိုကျိုမြို့ မြောက်ပိုင်းမှာ ရှိတဲ့ သူတို့ပိုင် အစားအသောက် စက်ရုံတခုက ထုတ်လုပ်တဲ့ ပီဇာနဲ့ မုန့်ချပ်ဝိုင်းတွေ အပါအဝင် ထုတ်ကုန် တချို့မှာ malathion လို့ခေါ်တဲ့ ပိုးသတ်ဆေးတွေ အတိုင်းအတာ အတော်များများ ပါနေတာ တွေ့ရှိခဲ့အပြီး သူတို့ စက်ရုံထုတ် အစားအသောက် ထုတ်ကုန်တွေကို ပြန်ရုတ်သိမ်းမယ်လို့ ပြီးခဲ့တဲ့ သီတင်းပတ်က ထုတ်ဖေါ် ကြေညာခဲ့ပါတယ်။

အဲဒီလို စားသောက်ကုန်တွေမှာ ပိုးသတ်ဆေးတွေ ဘာကြောင့် ပါနေတာလဲ ဆိုတာကိုတော့ ခုချိန်ထိ မသိရသေးပါဘူး။

ဒီသတင်းနဲ့ပတ်သက်သမျှ