မြောက်ကိုရီးယားရောက် ကန် ဘက်စကတ်ဘောသမား

  • 8 ဇန်နဝါရီ 2014
Image caption ကင်ဂျုံအန်း မွေးနေ့ပွဲအတွက် ရောက်နေသူ Dennis Rodman

အခြေအတင် အငြင်းပွားစရာ ဖြစ်နေတဲ့ အမေရိကန် ဘတ်စကက်ဘော ကစားသမား Dennis Rodman က မြောက်ကိုးရီးယား ခေါင်းဆောင် ကင် ဂျုန်အန်းရဲ့ မွေးနေ့ပွဲ အတွက် မြောက်ကိုးရီးယားနိုင်ငံမှာ ရောက်ရှိနေတာနဲ့ ပတ်သက်လို့ ကာကွယ် ပြောဆိုလိုက်ပါတယ်။

သူ့အပြောအရ မြောက်ကိုးရီးယား နိုင်ငံရဲ့ ပိတ်နေတဲ့ တံခါးကို ဖွင့်ဖို့ သူကြိုးစားနေတာအပေါ် ဝေဖန် ဆဲဆိုမှုတွေ ခံနေရတယ်လို့ အမေရိကန် ရုပ်မြင်သံကြားမှာ Dennis Rodman က ပြောသွားပါတယ်။

မြောက်ကိုးရီးယား နိုင်ငံမှာ အထိန်းသိမ်း ခံနေရတဲ့ အမေရိကန် နိုင်ငံသား Kenneth Bae ရဲ့ ကိစ္စကို မြောက်ကိုးရီးယား အစိုးရနဲ့ ပြောဆိုဖို့ ရှိသလားလို့ မေးခဲ့ရာမှာတော့ Dennis Rodman က အခုလို ဖြစ်ရတာဟာ Kenneth Bae မှာပဲ အပြစ်ရှိတဲ့ ပုံမျိုး အော်ဟစ် ကြိမ်းမောင်းပြီး တုန့်ပြန်ခဲ့ပါတယ်။

သူ့ရဲ့ ပြောဆိုချက်တွေကြောင့် အကြီးအကျယ် စိတ်ပျက်သွားခဲ့ရတယ်လို့ Kenneth Bae ရဲ့ မိသားစုတွေက ပြောပါတယ်။

ကိုးရီးယား လူမျိုး အမေရိကန် နိုင်ငံသား Kenneth Bae ဟာ နိုင်ငံတော်ကို ဆန့်ကျင်တဲ့ ရာဇဝတ်မှု စွဲချက်တွေနဲ့ အလုပ်ကြမ်း စခန်းမှာ ထောင်ဒဏ် ၁၅နှစ် ကျခံနေရတာဖြစ်ပြီး သူ့မိသားစုကတော့ ဒီစွဲချက်တွေကို ငြင်းဆိုထားပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ