အလက်ပိုမြို့မှာ ဆီးရီးယား သူပုန်တွေ အောင်ပွဲခံ

  • 8 ဇန်နဝါရီ 2014
Image caption ဂျီဟာ့ဒ်အုပ်စု ဌာနချုပ်ကို သိမ်းပိုက်လိုက်တဲ့ ဆီးရီးယား သူပုန်အချို့

ဆီးရီးယားနိုင်ငံ အလက်ပိုမြို့မှာ ISIS လို့ ခေါ်တဲ့ ဂျီဟာ့ဒ်အုပ်စု အဖွဲ့အပေါ် အစ္စလာမစ် လက်နက်ကိုင် သူပုန်တွေက အနိုင်ရပြီး နောက်ထပ် အောင်ပွဲခံလိုက်ကြပါတယ်။

အလက်ပိုမြို့မှာ ရှိတဲ့ ကလေး ဆေးရုံတခုမှာ စခန်းချထားတဲ့ ISIS ဌာနချုပ်ကို လက်နက်ကိုင် သူပုန်တွေက သိမ်းပိုက်လိုက်တယ်လို့ ဗြိတိန် အခြေစိုက် စောင့်ကြည့် လေ့လာရေး အဖွဲ့တဖွဲ့က ပြောပါတယ်။

အဲဒီ ဆေးရုံမှာ ရှိတဲ့ ISIS တွေအပေါ် အနိုင်ရသွားပြီ ဆိုတဲ့ အကြောင်း လက်နက်ကိုင် သူပုန်တွေက ထုတ်ဖော် ကြွေးကြော်နေကြပုံတွေကို online ပေါ် တင်ထားတဲ့ ဗီဒီယို တခုထဲမှာ ဖော်ပြထားပါတယ်။

အခု ရက်ပိုင်းအတွင်း ဆီးရီးယားနိုင်ငံက မြို့အတော်များများမှာ ISIS နဲ့ တခြား လက်နက်ကိုင် သူပုန်တွေ ပါတဲ့ အုပ်စုတစု အကြား ပြင်းထန်တဲ့ တိုက်ပွဲတွေ ဖြစ်ပွားခဲ့ပါတယ်။

ISIS အဖွဲ့က အတိုက်အခံ ဆီးရီးယားအမျိုးသား ညွန့်ပေါင်း အဖွဲ့အပေါ် စစ်ကြေညာမယ်လို့ မနေ့ညနေတုန်းက ထုတ်ဖေါ်ကြေညာလိုက်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ