၂၀၂၂ ကာတာ ကမ္ဘာ့ဖလားပွဲ ရက်ရွှေ့မယ်

  • 8 ဇန်နဝါရီ 2014
Image caption ကာတာနိုင်ငံ ဒိုဟာမြို့က ဘောလုံးကွင်းတစ်ကွင်း။

FIFA ကမ္ဘာ့ ဘောလုံး အဖွဲ့ချုပ်ရဲ့ အတွင်းရေးမှူးချုပ် Jerome Valcke က ဘောလုံးပွဲစဉ်တွေ ကျင်းပနေကျ June နဲ့ July လတွေမှာ ၂၀၂၂ ခုနှစ် ကမ္ဘာ့ ဖလား ဘောလုံးပွဲတွေကို ကာတာ နိုင်ငံမှာ ကျင်းပမှာ မဟုတ်ဘူးလို့ ထုတ်ဖော် ပြောကြားလိုက် ပါတယ်။

ဘောလုံးပွဲတွေ ကျင်းပဖို့ ရာသီဥတု အခြေအနေ အကောင်းဆုံး အချိန် ဖြစ်တဲ့ နိုဝင်ဘာလလယ်နဲ့ January လလယ်ကြားမှာ ကျင်းပ ဖို့ ရှိတယ်လို့ Jerome Valcke က ပြောသွားပါတယ်။

ကာတာနိုင်ငံမှာ နွေရာသီ အပူချိန်ဟာ ၄၀ ဒီဂရီ အထက်မှာ ရှိလေ့ ရှိတာကြောင့် တခြား အချိန် ရွှေ့ပြီး ကျင်းပသင့်သလား ဆိုတာ FIFA ကမ္ဘာ့ ဘောလုံး အဖွဲ့ချုပ် အနေနဲ့ ကော်မရှင်ဖွဲ့ ဆုံးဖြတ်ခဲ့ရတာ ဖြစ်ပါတယ်။

ဒါပေမယ့်လည်း အခုလို အချိန်ပြောင်းရွှေ့ ကျင်းပမှာကို အခုနှစ် ကုန်ပိုင်းလောက်အထိ တရားဝင် ထုတ်ဖော် ကြေညာအုံးမှာ မဟုတ်သေးဘူးလို့ ယူဆရပါတယ်။

ရက်အတိအကျကိုတော့ ပွဲကျင်းပရေးမှာ အဓိက ပါဝင်ပတ်သက်နေတဲ့ နိုင်ငံတကာ ဘောလုံးအဖွဲ့အစည်းတွေ FIFA ရဲ့ စီးပွားရေး ပါတနာတွေနဲ့ အခုလုပ်နေတဲ့ ဆွေးနွေးမှု ရလဒ်ပေါ်မူတည်ကြောင်း ပြောပါတယ်။

ပြိုင်ပွဲကျင်းပဖို့ ၈နှစ်ကြာ အချိန်လိုသေးတဲ့အတွက် အခုညှိနှိုင်းမှုဟာ အလောတကြီး မဟုတ်ဘဲ ဆုံးဖြတ်ချက်အတွက် လိုအပ်မှာတွေကို အကုန် စဉ်းစားမှာလို့ သိရပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ