ဗဟို အာဖရိက ခေါင်းဆောင် နှုတ်ထွက်ဖို့ တိုက်တွန်း

  • 9 ဇန်နဝါရီ 2014
Image caption နှုတ်ထွက်ဖို့ ဖိအားပေးခံနေရတဲ့ မီခေး ဂျိုတိုးဒီးယား

ဗဟို အာဖရိကနိုင်ငံမှာ ဖြစ်နေတဲ့ အခြေအနေ ပိုဆိုးလာတဲ့ နိုင်ငံရေးအကြပ်အတည်းကို ဖြေရှင်းဖို့ အာဖရိက ခေါင်းဆောင်တွေ အာဖရိက အလယ်ပိုင်းက Chad နိုင်ငံမှာ ထိပ်သီး ဆွေးနွေးပွဲ ကျင်းပပြီး အဖြေရှာ နေကြပါတယ်။

ကား CAR လို့ ခေါ်တဲ့ ဗဟို အာဖရိကနိုင်ငံက လက်ရှိ ယာယီ ခေါင်းဆောင် မီခေး ဂျိုတိုးဒီးယား Michel Djotodia ဟာ မတ်လ အာဏာသိမ်းပြီး တက်လာကတည်းက ခရစ်ယာန်နဲ့ မွတ်ဆလင် လက်နက်ကိုင်တွေကြား တိုက်ပွဲတွေ ပိုဆိုးလာတာကို မဖြေရှင်းနိုင်လို့ ရာထူးက ထွက်ပေးဖို့ ဖိအားပေး ခံနေရပါတယ်။

ထိပ်သီး အစည်းအဝေး ကျင်းပရေး ခေါင်းဆောင် အာမက်အာလမ်မီက လက်ရှိ ကြားဖြတ်အစိုးရ အနေနဲ့ အခြေအနေကို မဖြေရှင်းနိုင်ရင် အခြားလူကို လမ်းဖွင့်ပေးဖို့ လိုကြောင်း၊ CAR နိုင်ငံရေး ဇာတ်ခုံမှာ ပါတဲ့ အခြားလူတွေကို နောက်ပိုင်းမှာ ဆက်လက် မေတ္တာရပ်ခံသွားမှာ ဖြစ်ကြောင်း CAR ငြိမ်းချမ်းရေးအတွက် လုပ်သင့်တာကို လုပ်ဖို့ တိုက်တွန်း ပြောကြားပါတယ်။

ခေါင်းဆောင် ဂျိုတိုးဒီးယားရဲ့ ပြောခွင်ရ ပုဂ္ဂိုလ်ကတော့ ရာထူးက ဆင်းမှာ မဟုတ်ဘူးလို့ ဘီဘီစီကို ပြောပါတယ်။

ပြီးခဲတဲ့ မတ်လက Seleka သူပုန်တွေ အာဏာသိမ်းပြီး ဂျိုတိုးဒီးယားကို ပထမဆုံ မွတ်ဆလင် သမ္မတအဖြစ် တင်မြှောက်ခဲ့ပါတယ်။

အဲဒီအချိန်က ခရစ်ယာန် အများစု သမ္မတ Francois Bozize ကို ရာထူးက ဖြုတ်ချပြီး ခရစ်ယာန်နဲ့ မွတ်စလင်တို့ကြား တိုက်ခိုက်မှုတွေကြောင့် အခြေအနေ တနေ့တခြား ယိုယွင်းလာနေတာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ