တောင်ဆူဒန် အစိုးရတပ်တွေ မြို့သိမ်းဖို့ ပြင်

  • 9 ဇန်နဝါရီ 2014
Image caption ထောင်နဲ့ချီတဲ့ မြို့ခံတွေ ထွက်ပြေး

တောင်ဆူဒန် အစိုးရတပ်တွေဟာ နိုင်ငံ မြောက်ပိုင်းမှာ သူပုန်တွေ ထိန်းချုပ်ထားတဲ့ ရေနံကြွယ်ဝရာ ဘန်တီယိုး မြို့ကို ချီတက်နေပါတယ်။

သူပုန်တွေ ကလည်း ရှေ့တန်း နေရာတွေကနေ ဆုတ်ခွာ လာနေတယ်လို့ အဲဒီမြို့မှာ ရှိတဲ့ ဘီဘီစီ သတင်းထောက်က ပြောပါတယ်။

အစိုးရတပ်တွေ ချဉ်းကပ်လာတာကြောင့် လူတွေ က စိုးရိမ် ကြောက်လန့် နေကြတယ် လို့လည်း သူ က ပြောပါတယ်။

ထောင်နဲ့ချီတဲ့ လူတွေလည်း အဲဒီမြို့ကနေ ထွက်ပြေးနေကြပါတယ်။

တချို့လည်း ကုလသမဂ္ဂ အဆောက်အအုံရှိရာ ဝင်းထဲကို ဝင်ပြေးနေကြပါတယ်။

သူပုန်တွေဟာ အရင် ဒုတိယ သမ္မတ ဆယ်ဗာ ကီးယားကို သစ္စာ စောင့်သိကြသူတွေ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ