ဗဟိုအာဖရိက နိုင်ငံ ကြားဖြတ် သမ္မတ နုတ်ထွက်

  • 10 ဇန်နဝါရီ 2014
Image caption နှုတ်ထွက်သွားတဲ့ ကြားဖြတ်သမ္မတ ဂျိုတိုဒီးယား

ဗဟို အာဖရိက သမ္မတ နိုင်ငံမှာ ဖြစ်ပွားနေတဲ့ ဂိုဏ်းဂဏကွဲ အကြမ်းဖက် တိုက်ခိုက်မှုတွေကို ရပ်တန့်သွားအောင် ကြားဖြတ် သမ္မတ မစ်ရှဲလ် ဂျိုတိုဒီးယား အနေနဲ့ မဆောင်ရွက်နိုင်ဘူးဆိုတဲ့ ဝေဖန်မှုတွေ များလာနေတဲ့ အချိန်မှာပဲ သမ္မတ ဂျိုတိုဒီးယားက ရာထူးကနေ နုတ်ထွက်သွားပြီ ဖြစ်ပါတယ်။

မြို့တော် ဘန်ဂူးက လမ်းမတွေပေါ်မှာလည်း သူ့ကို ရာထူးက ဆင်းပေးဖို့ ထောင်သောင်းချီတဲ့ လူတွေ ဆန္ဒပြ တောင်းဆိုနေတာကြောင့် အိမ်နီးချင်း ချတ်ဒ် နိုင်ငံမှာ ကျင်းပနေတဲ့ ဒေသတွင်း ခေါင်းဆောင်တွေရဲ့ အစည်းအဝေးမှာ သူနဲ့ ပတ်သက်ပြီး အဓိက ဆွေးနွေးခဲ့ကြပါတယ်။

မစ္စတာ ဂျိုတိုဒီးယားဟာ သူ့ကို ထောက်ခံတဲ့ မူဆလင် အများစု သူပုန်တွေရဲ့ ထောက်ခံမှုနဲ့အတူ ပြီးခဲ့တဲ့နှစ်က အာဏာရခဲ့တာ ဖြစ်ပါတယ်။

သူ အာဏာရပြီးကတည်းက နိုင်ငံမှာ အကြမ်းဖက်မှုတွေကြောင့် အကွဲအပြဲတွေ ဖြစ်ပွားကာ ပြင်သစ်နဲ့ အာဖရိက ငြိမ်းချမ်းရေး တပ်ဖွဲ့တွေ လာရောက်ခဲ့ပေမယ့်လည်း အကြမ်းဖက်မှုတွေက ရပ်တန့်မသွားခဲ့ပါဘူး။

ဒီသတင်းနဲ့ပတ်သက်သမျှ