ကမ္ဘာ့ ကုန်သွယ်မှု အများဆုံးနိုင်ငံ တရုတ် ဖြစ်လာ

  • 10 ဇန်နဝါရီ 2014
Image caption တရုတ် သွင်းကုန် ဆိပ်ကမ်းတစ်ခု

တရုတ်နိုင်ငံရဲ့ ပြီးခဲ့တဲ့နှစ် သွင်းကုန် ထုတ်ကုန် တန်ဖိုးဟာ ဒေါ်လာ ၄ ထရီလီယံ ကျော် ရှိခဲ့တာကြောင့် ကမ္ဘာ့ ကုန်သွယ်မှု ပမာဏ အများဆုံး နိုင်ငံအဖြစ် ရပ်တည်ခဲ့တယ်လို့ တရုတ် နိုင်ငံက ပြောပါတယ်။

အမေရိကန် ပြည်ထောင်စုကတော့ သူတို့ရဲ့ ၂၀၁၃ အတွက် ကုန်သွယ်မှု ကိန်းဂဏန်းကို မထုတ်ပြန်ရ သေးမယ့် အမေရိကန်ကန်ဟာ ၂၀၁၃ ပထမ ၁၁ လမှာ ကုန်သွယ်မှု ပမာဏ တန်ဖိုး စုစုပေါင်း ၃ ဒသမ ၅ ထရီလီယံ ရှိခဲ့တယ်လို့ ဆိုပါတယ်။

တချို့ကတော့ တရုတ်တို့ရဲ့ သွင်းကုန် ထုတ်ကုန် ကိန်းဂဏန်းနဲ့ ပတ်သက်ပြီး တိကျမှု ရှိ မရှိ အပေါ် စိုးရိမ်မှုတွေ ရှိနေကြပါတယ်။

ဒါပေမယ့် အကဲခတ်တွေရဲ့ အဆိုအရ နောက်ဆုံး ထုတ်ပြန်တဲ့ ကိန်းဂဏန်းတွေကို ပြောင်းလဲသည့်တိုင်အောင် တရုတ်နိုင်ငံက အမေရိကန်ထက် ကုန်သွယ်မှု ပမာဏ သာလွန်တဲ့ အနေအထားကို ပြောင်းလဲဖို့ မဖြစ်နိုင်ဘူးလို့ ဆိုပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ