ရှရွန် စျာပန ကျင်းပရေး ဆွေးနွေး

  • 12 ဇန်နဝါရီ 2014
Image caption ၈နှစ်ကြာ သတိလစ် မေ့မျောနေရာကနေ မစ္စတာ ရှရွန် ကွယ်လွန်သွားခဲ့

အစ္စရေး ဝန်ကြီးချုပ်ဟောင်း အာရီယယ်လ် ရှရွန်ရဲ့ အလောင်းကို ဆေးရုံကနေ သယ်ဆောင်သွားပြီး စျာပန ကျင်းပဖို့ ကိစ္စတွေ အတွက် ဝန်ကြီးအဆင့် ကော်မတီနဲ့ လုံခြုံရေး အဖွဲ့တွေ တွေ့ဆုံ ညှိနှိုင်းခဲ့ကြပါတယ်။

မစ္စတာရှရွန်ရဲ့ အလောင်းကို လူတွေ လာရောက် ကြည့်ရှု နိုင်အောင် ဒီနေ့ တနင်္ဂနွေနေ့မှာ အစ္စရေး ပါလီမန် ရှိရာ Knesset Plaza မှာ ထားရှိမှာ ဖြစ်ပါတယ်။

နက်ဖြန် တနင်္လာနေ့မှာ အစ္စရေး တောင်ပိုင်း Negev က သူ့မွေးမြူရေးခြံမှာ အာရီယယ်လ် ရှရွန်ရဲ့ အလောင်းကို မြှုပ်နှံ သဂြိုလ်မှာ ဖြစ်ပါတယ်။

မစ္စတာ ရှရွန်အလောင်းကို စျာပန မချခင် နက်ဖြန် တနင်္လာနေ့ မနက်မှာ ခနက်ဆက်မှာ သူကွယ်လွန်တဲ့ အထိမ်းအမှတ် နိုင်ငံတော် အခမ်းအနား ကျင်းပမှာ ဖြစ်ပြီး ကမ္ဘာတလွှားက ခေါင်းဆောင် အသီးသီး တက်ရောက်ဖို့ ရှိပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ