တရုတ်စစ်သင်္ဘောရေး ဂျပန်ဘက်က သတိပေး

  • 12 ဇန်နဝါရီ 2014
japan china
Image caption တရုတ် ကမ်းခြေစောင့် စစ်သင်္ဘောတွေ ဝင်ရောက်

အငြင်းပွား နေတဲ့ ကျွန်းစု တွေနား တရုတ် ကမ်းခြေစောင့် စစ်သင်္ဘောတွေ ဝင်ရောက် လာပြီးနောက် ဂျပန်ရဲ့ အချုပ်အခြာ အာဏာပိုင် နယ်နိမိတ်ကို ကာကွယ် ခုခံ သွားမယ်လို့ ဂျပန် ကာကွယ်ရေး ဝန်ကြီးက ပြောကြား လိုက်ပါတယ်။

ဂျပန် ထိန်းချုပ်ထားတဲ့ Senkaku ကျွန်းတွေနားကို ထပ်ခါထပ်ခါ ကျူးကျော် ဝင်ရောက် နေတာကို ဂျပန် အနေနဲ့ လက်ပိုက် ကြည့်နေမှာ မဟုတ်ဘူးလို့ ဂျပန် ကာကွယ်ရေး ဝန်ကြီး Itsunori Onodera က ပြောကြားသွားပါတယ်။

ဒီကျွန်းတွေကို တရုတ်ကလည်း သူတို့ပိုင်တယ်လို့ တောင်းဆိုနေတာ ဖြစ်ပြီး အရှေ့တရုတ် ပင်လယ် ထဲက ကျွန်းစုတွေနား တရုတ် သင်္ဘောတွေ မကြာခဏ ဝင်လာနေတဲ့ အတွက် ၂ နိုင်ငံ ဆက်ဆံရေးတွေ တင်းမာ ခဲ့ရပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ