ဘန်ကောက်မြို့လယ် ရပ်ဆိုင်းသွားအောင် အတိုက်အခံ ကြိုးစား

  • 12 ဇန်နဝါရီ 2014
Image caption ရဲနဲ့ စစ်သား အများအပြား လုံခြုံရေး တိုးမြှင့် ချထား

ထိုင်းနိုင်ငံမှာ ဖေဖော်ဝါရီ ၂ရက်နေ့မှာ ကျင်းပမယ့် ရွေးကောက်ပွဲ မတိုင်ခင် အစိုးရ ဖြုတ်ချဖို့ ကြိုးစားနေတဲ့ အတိုက်အခံ ခေါင်းဆောင်တွေက ဘန်ကောက်မြို့မှာ စုရုံးနေကြပြီး ဒီနေ့ တနင်္လာနေ့မှာ မြို့လယ်က သွားလာလှုပ်ရှားမှုတွေနဲ့ စီးပွားရေး လုပ်ငန်းတွေ ရပ်တန့်သွားအောင် လုပ်ဖို့ ကြိုးစားနေကြပါတယ်။

အစိုးရက ရဲနဲ့ စစ်သား တသောင်းရှစ်ထောင် ချထားခဲ့ပေမယ့် ဆန္ဒပြသမားတွေက အရံအတားတွေ ချထားပြီး ဖြစ်နေသလို အရေးပါတဲ့ လမ်းဆုံလမ်းခွ တော်တော်များများမှာ နေရာယူထားပါတယ်။

ရွေးကောက်ပွဲ ကော်မရှင်ကတော့ လုံခြုံရေး အခြေအနေကြောင့် ကျင်းပမယ့် ရွေးကောက်ပွဲကို နောက်သုံးလ ရွေ့ဆိုင်းထားဖို့ အစိုးရကို တောင်းဆိုခဲ့ပေမယ့် ဒု ဝန်ကြီးချုပ် က ဘီဘီစီကို ပြောရာမှာ အဲလို ရွေ့ဆိုင်းဖို့ ဖြစ်နိုင်ချေ မရှိဘူးလို့ ဆိုပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ