ရှန်ဂရီလာ မီးလောင်ချိန် မီးသတ်စနစ် ပိတ်ထား

  • 13 ဇန်နဝါရီ 2014
Image caption မီးလောင်မှုကြောင့် မြို့ရဲ့ ၃ပုံ ၂ပုံ ပျက်စီး။

ရှန်ဂရီလာ လို့ခေါ်တဲ့ တိဘက် ရှေးဟောင်း မြို့တစ်မြို့ မှာ လွန်ခဲ့တဲ့ ၂ ရက်က မီးလောင် ကျွမ်းမှုကြောင့် မြို့ရဲ့ သုံးပုံ နှစ်ပုံ မီးလောင် သွားခဲ့ပါတယ်။

မီးတွေ လောင်ကျွမ်းသွားခဲ့ချိန်က မီးသတ် လုပ်ငန်း စနစ်ကို ပိတ်ထားမိတယ်လို့ တရုတ် အာဏာပိုင်တွေက ပြောပါတယ်။

Dukezong အရပ်မှာ လွန်ခဲ့တဲ့ သုံးနှစ်က တပ်ဆင်ခဲ့တဲ့ အဲဒီ မီးသတ် စက်ကြီးကို ရေခဲမှတ်အောက် အထိ အေးခဲတဲ့ ရာသီမှာ ပေါက်ကွဲ ပျက်စီး မသွားရအောင် ပိတ်ထားခဲ့တာ ဖြစ်တယ်လို့ မီးသတ် ဌာနက ပြောပါတယ်။

ရှန်ဂရီလာ မြို့ဟာ ကမ္ဘာလှည့် ခရီးသည်တွေကြား ရေပန်းစားတဲ့ မြို့လည်း ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ