ပိုလီယိုရောဂါ အမြစ်ပြတ်ပြီလို့ အိန္ဒိယ ပြော

  • 13 ဇန်နဝါရီ 2014
Image caption ၃ နှစ်အတွင်း ရောဂါထပ်မဖြစ်အောင် လုပ်ဆောင်နိုင်ခဲ့။

အိန္ဒိယ နိုင်ငံမှာ ပိုလီယို အကြောသေ ရောဂါ အမြစ်ပြတ်ပြီ ဆိုတဲ့ အောင်မြင်မှု မှတ်တိုင် စိုက်ထူနိုင်တော့မယ်လို့ ကျန်းမာရေး ဝန်ကြီးက ဖော်ပြ ပြောဆိုပါတယ်။

နိုင်ငံရေး စိတ်ဆန္ဒနဲ့ လုပ်အားပေး နှစ်သန်းကျော်ရဲ့ အကူအညီနဲ့ သုံးနှစ် အတွင်း နောက်ထပ် ပိုလီယို ရောဂါ ဖြစ်ပွားသူ မရှိအောင် လုပ်ဆောင်နိုင်ခဲ့တယ်လို့ ကျန်းမာရေး ဝန်ကြီး ဂူလမ် နာဘီ အာဇတ်Ghulam Nabi Azad က ပြောပါတယ်။

WHO ကမ္ဘာ့ ကျန်းမာရေး အဖွဲ့ ကလည်း အိန္ဒိယမှာ နောက်ထပ် ပိုလီယို ရောဂါ ဖြစ်သူ မရှိတော့ဘူး ဆိုရင် ပိုလီယို ရောဂါ ကင်းရှင်းတဲ့ နိုင်ငံအဖြစ် လာမယ့် မတ်လမှာ ကြေညာမယ်လို့ ပြောပါတယ်။

၁၉၉၀ ပြည့်လွန် နှစ်တွေက စတင်ပြီး အိန္ဒိယ နိုင်ငံက ပိုလီယို ရောဂါ ကာကွယ်ရေး စီမံကိန်း လုပ်ဆောင်ခဲ့တာပါ။

အာဖဂန် နစ္စတန်၊ ပါကစ္စတန်နဲ့ နိုင်ဂျီးရီးယား နိုင်ငံတွေမှာတော့ လူတွေမှာ ပိုလီယို ရောဂါရှိနေတုန်း ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ