အာရီယယ် ရှရွန် စျာပန ပြီးစီး

  • 13 ဇန်နဝါရီ 2014
အမေရိကန် ဒုသမ္မတ Joe Biden မိန့်ခွန်းပြော

အစ္စရေး ဝန်ကြီးချုပ်ဟောင်း အာရီယယ် ရှရွန် ရဲ့ စျပနကို အစ္စရေး နိုင်ငံ တောင်ပိုင်းက မိသားစုပိုင် ယာထဲမှာ စစ်အခမ်းအနားနဲ့ မြေမြှုပ် သဂြိုလ်လိုက်ပါတယ်။

လက်ရှိ စစ်တပ်ထဲမှာ တာဝန်ထမ်းဆောင်နေကြတဲ့ ဗိုလ်ချုပ်ကြီး တွေက မစ်စတာ ရှရွန်ရဲ့ နောက်ဆုံး ခရီး အတွက် သူ့ အလောင်းကို ထမ်းခဲ့ကြပါတယ်။

မစ္စတာ ရှရွန် ကို ကြည်ညို လေးစားသူတွေဟာ ဂါဇာ ကမ်းမြောင်ဒေသက ပါလက်စတိုင်းတို့ ထိန်းချုပ် နယ်မြေ နယ်စပ် အနားက ယာတောထဲကို ရောက်လာခဲ့ကြတာကြောင့် လုံခြုံရေးတွေကို တင်းတင်း ကျပ်ကျပ် ချထားပါတယ်။

စောစောပိုင်းကတော့ မစ္စတာ ရှရွန်အတွက် အောက်မေ့ဖွယ် ဆုတောင်းပွဲ အခမ်းအနားကို အစ္စရေး ပါလီမန် ရှေ့မှာ ပြုလုပ်ခဲ့ပါတယ်။

အစ္စရေး သမ္မတ Shimon Peres က မစ္စတာ ရှရွန်ဟာ ဘယ်လို အနိုင်တိုက်ရမယ် ဆိုတာ သိတဲ့ ရှာမှ ရှားတဲ့ စစ်သားကြီးလို့ ဂုဏ်ပြုစကား ပြောခဲ့ပါတယ်။

စစ်ရေး အရရော နိုင်ငံရေး အရပါ အငြင်းပွားစရာ ဖြစ်ခဲ့တဲ့ အာရီယယ် ရှရွန်ဟာ ပြီးခဲ့တဲ့ စနေနေ့က ကွယ်လွန် သွားခဲ့တာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ