ရွေးကောက်ပွဲ ရွှေ့ရေး ထိုင်းအစိုးရ ဆွေးနွေးလို

  • 13 ဇန်နဝါရီ 2014
Image caption နိုင်ငံရေး ပြောင်းလဲဖို့ ပိတ်ဆို့ ဆန္ဒပြ

ဘန်ကောက်မှာ အကြီးအကျယ် လမ်းပိတ်ဆို့ ဆန္ဒပြမှုတွေ ဆက်လုပ်နေချိန်မှာ ရွေးကောက်ပွဲ ရက်ရွှေ့ရေး ဆွေးနွေးမယ်လို့ ထိုင်းအစိုးရက ပြောပါတယ်။

ဝန်ကြီးချုပ် ယင့်လတ် ရှင်နာဝပ်က လာမယ့်လမှာ ကျင်းပမယ့် အထွေထွေ ရွေးကောက်ပွဲ ရက်ရွှေ့ဆိုင်းရေး ကိစ္စအတွက် အတိုက်အခံတွေ အပါအဝင် ပါတီအားလုံးနဲ့ လာမယ့် ၁၅ ရက်နေ့မှာ ဆွေးနွေးမယ်လို့ ကမ်းလှမ်းလိုက်တာပါ။

သောင်းနဲ့ချီတဲ့ ဆန္ဒပြသူတွေက ဘန်ကောက် မြို့လယ်ခေါင်က လူသွားလူလာ များပြီး အချက်အချာ ကျတဲ့ လမ်းဆုံ နေရာတွေကို ပိတ်ဆို့ပြီး အသွားအလာတွေ ရပ်တန့်သွားအောင် လုပ်ခဲ့ကြပါတယ်။

ရွေးကောက်ပွဲ အသစ်တွေ မလုပ်ခင် ပြည်သူ့ ကိုယ်စားပြု ကိုယ်စားလှယ်တွေ ပါတဲ့ ပြည်သူ့ည ကောင်စီက တိုင်းပြည်ကို အုပ်ချုပ်ပြီး နိုင်ငံရေး အပြောင်း အလဲတွေ လုပ်ဖို့ လိုလား နေကြတဲ့ ဆန္ဒပြသူတွေကို ဝန်ကြီးချုပ်ရဲ့ ကမ်းလှမ်းမှုက စိတ်ကျေနပ်စေမှာ မဟုတ်ဘူးလို့ ဘန်ကောက်က ဘီဘီစီ သတင်းထောက်က ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ