ပြင်သစ် သမ္မတ ကြေညာချက် ထုတ်ပြန်ဖွယ်ရှိ

  • 14 ဇန်နဝါရီ 2014
ဓာတ်ပုံ မူပိုင် AFP
Image caption အော်လန်း ပုဂ္ဂိုလ်ရေး ဖော်ပြခဲ့တဲ့ Closer မဂ္ဂဇင်း

ပြင်သစ်နိုင်ငံ စီးပွားရေး အခြေအနေနဲ့ ပတ်သက်ပြီး ဒီကနေ့ နှောင်ပိုင်းမှာ သမ္မတ ဖန်ရန်ဆွာ အော်လန်းဟာ အရေးကြီးတဲ့ ကြေညာချက် ထုတ်ပြန်ဖို့ ရှိနေပါတယ်။

နှစ်စဉ် ပြုလုပ်နေကျ သတင်းစာ ရှင်းလင်းပွဲမှာ ကြေညာမှာ ဖြစ်ပြီး ဒီပွဲမှာ ပုဂ္ဂိုလ်ရေး ဖောက်ပြန်မှု ရှိတယ်ဆိုတဲ့ သူ့အပေါ် စွပ်စွဲထားချက် ကိစ္စတွေက အဓိက လွှမ်းထားမယ့် ပုံလည်း ရှိနေပါတယ်။

ဆလ်လီ ဘရတ်တီ မဂ္ဂဇင်းဖြစ်တဲ့ The Closer ကနေ မစ္စတာ အော်လန်းဟာ ပြင်သစ် ရုပ်ရှင် မင်းသမီး တဦးနဲ့ ဇာတ်လမ်းတွေ ရှိခဲ့တယ်ဆိုပြီး ထုတ်ဖော် ရေးသား ခဲ့တာ ဖြစ်ပါတယ်။

လက်ထပ် မထားဘဲ အတူနေနေတဲ့ မစ္စတာ အော်လန်းရဲ့ ဇနီး ဖြစ်သူ ဗာလာရီ ထရေဗီလဲ ဟာ အခုလို စွပ်စွဲ ချက်တွေကို ကြားခဲ့ရချိန်မှာ ရှော့ ဖြစ်သွားခဲ့တာကြောင့် ဆေးရုံတင်လိုက်ရပြီး အခုထိ ဆေးရုံက မဆင်းရ သေးပါ။

သတင်းစာ ရှင်းလင်းပွဲမှာတော့ သမ္မတဟာ သူ့ဇနီးနဲ့ ပတ်သက်ပြီး တခုခုတော့ ပြောဖို့ရှိလိမ့်မယ်လို့ သတင်းထောက်တွေက ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ