အိန္ဒိယမှာ ဒိန်းမတ်သူ အုပ်စုဖွဲ့ မုဒိမ်းကျင့်ခံရ

  • 15 ဇန်နဝါရီ 2014
ဓာတ်ပုံ မူပိုင် AP
Image caption လုယက် အဓမ္မ ပြုကျင့်ခံရတဲ့ ပဟာ့ဂန်ဂျ် ရပ်ကွက်က နေရာ

အိန္ဒိယနိုင်ငံ ဒေလီမြို့မှာ ဒိန်းမတ်လူမျိုး ကမ္ဘာ လှည့် အမျိုးသမီးတဦးကို အုပ်စုဖွဲ့ အဓမ္မ ပြုကျင့်ခဲ့မှု စွဲချက်နဲ့ လူအတော်များများကို ရဲက စစ်ဆေး မေးမြန်းနေပါတယ်။

အသက် ၅၁နှစ် အရွယ် အဲဒီ အမျိုးသမီးဟာ ကမ္ဘာလှည့် ခရီးသည်တွေ ကျက်စားရာ ပဟာ့ဂန်ဂျ် ရပ်ကွက်မှာ သူ့ ဟိုတယ်ကို ပြန်ဖို့ လမ်းပျောက် သွားစဉ် အခုလို အဓမ္မ ပြုကျင့် ခံခဲ့ရတာလို့ ဆိုပါတယ်။

ဟိုတယ်ကို ဘယ်လို သွားရမလဲလို့ လမ်းကြောင်း သွားမေးခဲ့စဉ်မှာ အမျိုးသား အုပ်စုတစုက သူ့ကို ဓါးနဲ့ထောက်ပြီး လုယက် အဓမ္မ ပြုကျင့်ခဲ့တာလို့ ရဲတွေက ပြောပါတယ်။

အခုအခါမှာတော့ အဲဒီ အမျိုးသမီးဟာ အိန္ဒိယ နိုင်ငံကနေ ထွက်ခွာသွားပြီ ဖြစ်ပါတယ်။

ဒေလီမြို့မှာ ကျောင်းသူတဦးကို အုပ်စုဖွဲ့ပြီး ရက်ရက်စက်စက် အဓမ္မပြုကျင့် သတ်ဖြတ်မှု တခု ဖြစ်ပွားခဲ့အပြီးမှာ မနှစ်တုန်းက အိန္ဒိယ အစိုးရက လိင်ပိုင်းဆိုင်ရာ အကြမ်းဖက် တိုက်ခိုက်မှုအတွက် ဥပဒေတွေကို ပိုမို တင်းကျပ်လိုက်ပါတယ်။

ဒါပေမယ့်လည်း အမျိုးသားတွေ အခိုင်အမာ ကြီးစိုးတဲ့ အိန္ဒိယ လူမှုအသိုင်းအဝိုင်းမှာ အမျိုးသမီးတွေအပေါ် အဓမ္မ ပြုကျင့်မှုတွေ အကြမ်းဖက်မှုတွေကတော့ ပြဿနာတခုအဖြစ် ရှိနေဆဲပဲလို့ လူ့အခွင့်အရေး လှုပ်ရှားတောင်းဆိုသူ အတော်များများက ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ