Syria
သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

ဆီးရီးယား အနာဂတ်

  • 15 ဇန်နဝါရီ 2014

ကူဝိတ် နိုင်ငံမှာ ပြုလုပ်တဲ့ အလှူရှင် နိုင်ငံများ ညီလာခံမှာ ကုလမသဂ္ဂ အတွင်းရေး မှူးချုပ် ဘန်ကီမွန်းက ဆီးရီးယား လူဦးရေရဲ့ ထက်ဝက် ဖြစ်တဲ့ လူ ၉ သန်းလောက် လူမှုရေး အကူအညီတွေ အရေးတကြီး လိုအပ် နေတယ်လို့ ပြောပါတယ်။

အဲဒီ အခက်အခဲ တွေကို ဖြေရှင်းဖို့ လိုအပ် နေတဲ့ ဒေါ်လာသန်း ၆၅၀၀ ရရှိဖို့ ကုလသမဂ္ဂ က ကြိုးစား နေတာပါ။

ဒါဟာ ကုလသမဂ္ဂရဲ့ သမိုင်း တလျှောက် လူမှုရေး အရေးပေါ် အကူအညီကို ပမာဏ အများဆုံး တောင်းခံ တာပါ။

အဆက် အသွယ် ပြတ်နေတဲ့ နေရာ တွေမှာ ငတ်မွတ်မှုတွေ ဖြစ်နေပြီ လို့လည်း ဆိုပါတယ်။

အခုဆိုရင် ဆီးရီးယားမှာ တိုက်ပွဲတွေ စခဲ့တာ ၃ နှစ်ထဲကို ရောက်လာပြီ ဖြစ်ပါတယ်။

အဲဒီက ဆီးရီးယား ပြည်သူတွေ သူတို့တိုင်းပြည် အနာဂတ် ကို ဘယ်လို ရှုမြင်ကြသလဲဆိုတာကို ဦးကိုကိုအောင်က ပြောပြ ထားပါတယ်။