ရွေးကောက်ပွဲကို ထိုင်း အစိုးရ ဆက်လုပ်မယ်

  • 15 ဇန်နဝါရီ 2014
ဓာတ်ပုံ မူပိုင် AFP
Image caption ဘန်ကောက်မြို့မှာ ဆက်လက် ဆန္ဒပြနေကြ။

ထိုင်းနိုင်ငံမှာ ဖေဖော်ဝါရီလ ၂ရက်နေ့မှာ ကျင်းပဖို့ စီစဉ်ထားတဲ့ ရွေးကောက်ပွဲကို ရွှေ့ဆိုင်းပေးရေး တွေ့ဆုံ ညှိနှိုင်းဖို့ အတိုက်အခံ ဆန္ဒပြသူတွေဘက်က လက်မခံဘဲ သပိတ် မှောက်ခဲ့အပြီးမှာ ထိုင်းအာဏာပိုင်တွေက ရွေးကောက်ပွဲကို စီစဉ်ထားတဲ့အတိုင်း ရှေ့တိုး လုပ်သွားမယ်လို့ ထုတ်ဖော် ပြောလိုက်ပါတယ်။

ဘန်ကောက်မြို့မှာတော့ ဆန္ဒပြမှုတွေ ဆက်လုပ်နေဆဲ ဖြစ်ပြီး ဝန်ကြီးချုပ် ယင်းလပ် ရှင်နဝပ် ရာထူးကနေ နှုတ်ထွက်ပေးတဲ့အထိ ဆက် ဆန္ဒပြသွားမယ်လို့ ဆန္ဒပြသူတွေက ပြောပါတယ်။

ဆန္ဒပြသူတွေဟာ ဘန်ကောက်မြို့က နေရာတချို့ကို တနင်္လာနေ့ကတည်းက ပိတ်ဆို့ ဆန္ဒပြနေကြတာပါ။

ဆန္ဒပြနေသူတွေရဲ့ အဓိက သပိတ်စခန်း တခုအနီးမှာ ပစ်ခတ်မှုတွေ ဖြစ်ပွားခဲ့ရာမှာ လူနှစ်ဦး ဒဏ်ရာ အနည်းငယ် ရခဲ့ပြီး ဆေးရုံ တင်ပို့လိုက်ရပါတယ်။

နောက် သီးခြား ဖြစ်ရပ်တခုမှာတော့ အတိုက်အခံ ခေါင်းဆောင်တဦး ဖြစ်တဲ့ ဝန်ကြီးချုပ်ဟောင်း အဘိဆစ် ဝိချာချီဝါ့ ရဲ့ အိမ်ထဲ ဖောက်ခွဲရေး ပစ္စည်းငယ်တခု ပစ်ပေါက်ခံခဲ့ရတယ်လို့ ရဲတွေက ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ