လက်ဘနွန်မှာ အသေခံဗုံးခွဲ၊ အနည်းဆုံး ၄ ဦးသေ

  • 16 ဇန်နဝါရီ 2014
ဓာတ်ပုံ မူပိုင် AFP
Image caption အသေခံ ဗုံးခွဲတိုက်ခိုက်မှု အပြီး မြင်ကွင်း။

လက်ဘနွန် နိုင်ငံ မြောက်ပိုင်းမှာ ဗုံးခွဲ သမား တစ်ယောက်က အသေခံ ဗုံးခွဲ တိုက်ခိုက် ခဲ့မှုကြောင့် သူနဲ့ နောက်ထပ် လူ ၄ ယောက် သေဆုံးသွားခဲ့ပြီး လူ ၂၀ ကျော် ဒဏ်ရာရ ခဲ့ပါတယ်။

ဟစ်ဇ်ဘိုလာတို့ရဲ့ အမာခံ ဒေသလို့ မြင်ကြတဲ့ နိုင်ငံ မြောက်ပိုင်း Bekaa တောင်ကြားက Hermel မြို့မှာ ရှီအိုက် မွတ်ဆလင်တွေ အဓိက လွှမ်းမိုးတဲ့ ဒေသဆိုင်ရာ အစိုးရ အဆောက်အဦနားမှာ ဖောက်ခွဲ တိုက်ခိုက်မှု ဖြစ်ခဲ့တာပါ။

ဆီးရီးယား ပဋိပက္ခမှာ ရှီအိုက် လှုပ်ရှားမှု ပါဝင် ပတ်သက်နေတာကို ဆန့်ကျင်ကြတဲ့ ဟစ်ဇဘိုလာတို့ ကြီးစိုးတဲ့ ဒေသတွေမှာ တစ်ခုပြီး တစ်ခု ဖြစ်ခဲ့တဲ့ ဖောက်ခွဲ တိုက်ခိုက်မှုတွေ ထဲမှာ အခု တစ်ကြိမ်က နောက်ဆုံး ဖြစ်ရပ်ပါ။

Hermel မြို့ဟာ မနှစ်က ဆီးရီးယား သူပုန်တွေကို အောင်မြင်အောင် ထိုးစစ်ဆင်နိုင်ခဲ့တဲ့ ဟစ်ဇ်ဘိုလာ တို့ရဲ့ အခြေစိုက် စခန်း တစ်ခု ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ