အာဖဂန်မှာ အာဏာ ကို မကြာခင် ပြန်ရမယ်လို့ တာလီဘန်တွေ ယုံကြည်

  • 17 ဇန်နဝါရီ 2014
ဓာတ်ပုံ မူပိုင် AP
Image caption အာဖဂန်တာလီဘန် အဖွဲ့ဝင်တွေ

အာဖဂန်နစ္စတန်နိုင်ငံမှာ ရှိတဲ့ တာလီဘန်တွေက အာဂဖန်က နေရာအတော်များများကို သူတို့ ထိန်းချုပ်ထားနိုင်တာကြောင့် နေတိုး ဦးဆောင်တဲ့ အထူးတပ်ဖွဲ့တွေအပေါ် သူတို့ အောင်ပွဲခံပြီး မကြာခင် အာဏာ လက်ဝယ် ပြန်ရယူနိုင်မယ်လို့ ယုံကြည် စိတ်ချထားကြောင်း ပြောပါတယ်။

ကာဘူးမြို့ကိုရောက်နေတဲ့ ဘီဘီစီ ကမ္ဘာ့ရေးရာ အယ်ဒီတာ ဂျွန်ဆင်မဆင်က တာလီဘန်ပြောခွင့်ရပုဂ္ဂိုလ် ဇဘီအူလာ မူဂျာဟစ် Zabiullah Mojahed ကို မေးမြန်းခဲ့ရာမှာ တာလီဘန်တွေ အာဏာ ပြန်ရရင် အစ္စလာမစ် ဥပဒေတွေအတိုင်း တင်းတင်းကြပ်ကြပ် ပြဌာန်းအုပ်ချုပ်သွားမှာ ဖြစ်ပြီး ဖြေလျော့ပေးတာမျိုး လုပ်မှာ မဟုတ်ဘူးလို့ တာလီဘန် ပြောခွင့်ရ ပုဂ္ဂိုလ် ဇဘီအူလာ မူဂျာဟစ်ဒ်က ဘီဘီစီကို ပြောသွားပါတယ်။

သမိုင်းကြောင်းကို ပြန်ကြည့်မယ်ဆိုရင်လဲ အာဖဂန်နစ္စတန်ကို ကျူးကျော်ခဲ့သူတွေကို သူတို့ အမြဲ အနိုင်ရခဲ့တာဘဲလို့ ပြောပါတယ်။

အာဖဂန်ရဲ့ အစွန်အဖျား ဒေသတွေ အာလုံးကို မူဂျာဟစ်ဒင် တာလီဘန်တွေ ထိန်းချုပ်ထားပြီး သူတို့ရဲ့ သီးသန့် အုပ်ချုပ်ရေးစနစ် နဲ့ အုပ်ချုပ်နေတယ်လို့ ဆိုပါတယ်။

နေတိုး နိုင်ငံခြားတပ်တွေ ထိန်းချုပ်ထားနိုင်တဲ့ နေရာတွေက အကန့်အသတ်နဲ့လောက်ဘဲ ရှိပြီး နိုင်ငံခြားတပ်တွေဟာ အပြင်ထွက်ဖို့ သိပ်ကြောက်ကြတယ်လို့ ဇဘီအူလာ မူဂျာဟစ်ဒ်က ပြောပါတယ်။

ဧပြီလမှာ လုပ်မဲ့ ရွေးကောက်ပွဲမှာ ဝင်ပြိုင်ကြမယ့် နိုင်ငံရေးသမားတွေနဲ့ ဆွေးနွေးပြီး အပေးအယူလုပ်ထားတာများရှိသလားလို့ မေးရာမှာတော့ ရွေးကောက်ပွဲဟာ နိုင်ငံခြားကျူးကျော်မှုအောက်မှာလုပ်တဲ့ အတုအယောင် ရွေးကောက်ပွဲ ဖြစ်တယ် ရွေးကောက်ပွဲဟာ တရားမ၀င်သလို အမတ်လောင်းဆိုသူတွေဟာလဲ တရားဝင် ပြည်သူ့ကိုယ်စားလှယ်တွေ မဟုတ်ဘူး ဒါကြောင့် သူတို့တွေနဲ့ ဘာအပေးအယူမှ မလုပ်ဘူးလို့ တာလီဘန်ပြောခွင့်ရပုဂ္ဂိုလ်က ပြောကြားသွားခဲ့ပါတယ်။

အာဖဂန်နစ္စတန်နိုင်ငံမှာ တပ်စွဲထားတဲ့ နိုင်ငံခြား တပ်ဖွဲ့ အများစုဟာ အခုနှစ်အတွင်း နိုင်ငံထဲကနေ ထွက်ခွာသွားဖို့ ရှိနေပြီး အာဖဂန် နစ္စတန် စစ်တပ်လက်ထဲ လုံခြုံရေးတာဝန်တွေ ပြန်လည် လွှဲအပ်မှာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ