မကာအိုက အာရှတိုက်ရဲ့ အချမ်းသာဆုံး ပုဂ္ဂိုလ်

  • 17 ဇန်နဝါရီ 2014
ဓာတ်ပုံ မူပိုင် AFP
Image caption သူဌေးကြီး လျူချီဝူးနဲ့ သူ့လက်ထောက် (ဝဲ)

မကာအိုက လောင်းကစား လုပ်ငန်းတွေ ပိုင်ဆိုင်တဲ့ သူဌေးကြီး လျူချီဝူး ဟာ အာရှတိုက်ရဲ့ အချမ်းသာဆုံး ပုဂ္ဂိုလ်အဖြစ် မှတ်တမ်းဝင်သွားပါတယ်။

လျူချီဝူးဟာ ဆယ်ကျော်သက် အရွယ်တုန်းကတော့ ဟောင်ကောင်က လမ်းမတွေပေါ်မှာ အစားအသောက် ရောင်းတဲ့ စျေးသယ်တဦးသာ ဖြစ်ခဲ့သူ ဖြစ်ပါတယ်။

ဘွန်းဘက်ခ် ဘီလျံနာ သူဌေးစာရင်းရဲ့ ကိန်းဂဏန်းတွေအရ မစ္စတာ လျူဟာ ဒေါ်လာ ၂၉ ဒသမ ၆ ဘီလျံ ဒေါ်လာ တန်ဖိုးကို ပိုင်ဆိုင်တယ်လို့ ဖော်ပြထားပါတယ်။

ဒါကြောင့် ဟောင်ကောင်က အိမ်ယာလုပ်ငန်းတွေ ပိုင်ဆိုင်တဲ့ ဘီလျံနာ သူဌေး လီကာရှင်းကို ပွတ်ကာသီကာ ကျော်တက် သွားတာ ဖြစ်ပါတယ်။