ယူကရိန်းအတိုက်အခံတွေကို အစိုးရရာထူး ကမ်းလှမ်း

  • 25 ဇန်နဝါရီ 2014
ဓာတ်ပုံ မူပိုင် AP
Image caption သမ္မတနဲ့ အတိုက်အခံတွေ တွေ့ဆုံ ဆွေးနွေးပွဲ

ယူကရိန်းမှာ သမ္မတ Viktor Yanukovych က ရင်ဆိုင်နေရတဲ့ နိုင်ငံရေး အကြပ်အတည်းကို ဖြေရှင်းဖို့ ကြိုးစားတဲ့ အနေနဲ့ အတိုက်အခံတွေကို ထိပ်တန်း အစိုးရ ရာထူးတွေ ပေးဖို့ ကမ်းလှမ်းလိုက်ပါတယ်။

သူက ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ဖို့ကိုလည်း ကမ်းလှမ်းခဲ့ပေမယ့် ဆန္ဒပြ ခေါင်းဆောင်တွေက သူ့ကမ်းလှမ်းချက်တွေကို လက်ခံမလား ဆိုတာကတော့ မသေချာသေးဘဲ အစိုးရနဲ့ ဆန္ဒပြသူတွေကြား ထိပ်တိုက် ရင်ဆိုင်မှုတွေ ဆက်ဖြစ်နေပါတယ်။

ဝန်ကြီးချုပ် ရာထူးကမ်းလှမ်းခံရတဲ့ အတိုက်အခံ ခေါင်းဆောင် တယောက် ဖြစ်တဲ့ Arseniy Yatsenyuk က ကီးရက်ဗ် မြို့မှာ ဆန္ဒပြသမားတွေကို မိန့်ခွန်းပြောရာမှာ အတိုက်အခံတွေက ယူကရိန်း နိုင်ငံကို ဦးဆောင်တဲ့ အခန်းကဏ္ဍကို ယူဖို့ အသင့်ရှိနေတယ်လို့သာ ဆိုပြီး ကမ်းလှမ်းချက်ကို လက်ခံမလား ဆိုတာကိုတော့ ရှင်းရှင်းလင်းလင်း မပြောခဲ့ပါဘူး။

ဒုဝန်ကြီးချုပ် အဖြစ် ကမ်းလှမ်းခံရတဲ့ Vitali Klitschko က လူထုကို ပြောကြားရာမှာတော့ သူ့အနေနဲ့ အခုနှစ် အတွင်း သမ္မတ ရွေးကောက်ပွဲ ကျင်းပဖို့ ဆက်လက် ဆန္ဒ ရှိနေဆဲ ဖြစ်တယ် ၊ ဆွေးနွေးမှုတွေ ဆက်လုပ်သွားမယ်လို့ ဆိုပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ